Part 10

2.5K 232 13
                                    

Unicode

ညက ရင်ခွင်ထဲဝင်ပြီး ဖက်အိပ်နေတဲ့ကောင်လေးက အခု ကျောပေးပြီး ဖင်ပစ်အိပ်နေသည်။ ညကတော့ Waung Jun Yong ကိုဖက်အိပ်လို့ မအေးပေမယ့် အခုတော့ တစ်ဖက်လှည့်အိပ်နေတဲ့ အပြင် စောင်လည်းမခြုံထားတာကြောင့် ချမ်းသဖြင့် ကွေးကွေးလေးအိပ်နေသည်။ လေအေးပေးစက်က လေတစ်ချက်ထွက်တိုင်း ခြေထောက်လေးက ပိုပိုကွေးသွားတော့ ဖင်လုံးလုံးလေးက ပိုပြီးကောက်ထွက်လာသည်။

ဘောင်းဘီအတိုဝတ်ထားတာကြောင့် ဒူးခေါင်းနှစ်ဖက်က ပလာစတာရယ် ပြောင်ရှင်းနေတဲ့ ခြေသလုံးဖြူဖြူပေါ်က အရှိုးရာရေးရေးရယ် ခြေဖဝါးနုနုက ဒဏ်ရာတစ်ချို့ရယ်က ထင်ထင်ရှားရှားပေါ်နေသည်။ ခါးစ,လေးလွတ်လို့ ပေါ်နေတဲ့အတွင်းသားလေးက နှင်းဥလေးလို ဖြူစင်ဝင်းမွတ်နေ၏။

အောက်ပိုင်းကိုဆက်ကြည့်နေရင် မသင့်တော်တော့တာကြောင့် Wang Jun Yong မျက်လုံးတို့ကိုလွှဲလိုက်သည်။ အကြည့်တို့က တစ်ခြားနေရာကိုမရောက်သွားပဲ အင်္ကျီစ,လွတ်လို့ပေါ်နေသည့် ဂုတ်သားဖြူဖြူလေးဆီရောက် သွားသည်။ Huang Ming Ming နဲ့ စက်ကွင်းကိုမလွတ်နိုင်။ စုတ်ဖွာနေတဲ့ ပိတုန်းရောင် ဆံပင်တွေကို ကြည့်ရင်း အပြုံလိုက်ပင် ဆွဲ​ဆောင့်ချင်သည်။ ထိုဆံအပင်အစပ်နားလေးကို အကြည့်ရောက်တော့

ဟင်!

"ဒါက အမှတ်လား"

Huang Ming Ming ဂုတ်ပေါ်က ရေယပ်ပုံ အမှတ်လေးက Wang Jun Yongကို စူးစမ်းလိုစိတ်ပြင်းပြစေတာကြောင့် လက်တို့က ထိုအမှတ်လေးကို ထိကြည့်ရန် တစ်ဖြည်းဖြည်းရွေ့သွားသည်။ နူးညံ့အိစက်မှုက ရူးလောက်တယ်။ အမှတ်ကလေးကို တဖွဖွ ပွတ်ကြည့်ရင်းနှင့်ပင် နူးညံလွန်းတဲ့အသားအရေကြောင့် Wang Jun Yong ရုန်းမထွက်နိုင်။

"အင်း..."

Huang Ming Ming ဂုတ်နားကယားလာ၍ နိုးသွားကာ အပျင်းကြောဆန့်လိုက်သည်။ ရုတ်တရတ် လှုပ်ရွလာသော Huang Ming Ming ကြောင့် Wang Jun Yong ဘာလုပ်ရမှန်းမသိ။ သူ့ပုံစံက သူများအိပ်နေတုန်း တစ်ခုခုခိုးယူသလို ဖြစ်နေတယ် မဟုတ်လား။

လူမိသွားတဲ့ မသမာသူလို ဘာလုပ်ရမှန်းမသိ ရှက်ကိုး ရှက်ကန်းနဲ့ လုပ်လိုက်မိတာက ကိုင်ထားပြီးသားဖြစ်နေတဲ့ Haung Ming Ming ရဲ့ ဂုတ်ကို ရိုက်ထည့်လိုက်ခြင်းပင်။

Heart Of A Fish [Completed] Where stories live. Discover now