THIRTY-ONE

2.2K 317 52
                                    

လွန်​ခဲ့​သော ၆နှစ်​ခန့်​က........

.
.
.

" ဆရာဘယ်​လို​ပြောလိုက်​တယ်​!!!!! "

ဆွေး​နွေးခန်းအတွင်းကိုကို့အသံသည်​ဆို့နင့်​စွာ
ဟိန်းထွက်​​နေခဲ့ပါသည်​။

ဆယ်​ဟွန်းကိုယ်​တိုင်​လည်းအံ့သြလွန်းသည်​မို့
ပါးစပ်​ကိုလက်​ဖြင့်​အုပ်​ထားမိသည်​။

ကိုကိုနှင့်​သူအိမ်​​ထောင်​သက်​တစ်​နှစ်​ကြာပြီး
ကိုယ်​ပိုင်​​သွေးသား​လေးများရယူရန်​ဆရာဝန်​နှင့်
လာတိုင်​ပင်​​နေကြခြင်းဖြစ်​သည်​။

" ဘယ်​လို.....ဘယ်​လိုဖြစ်​ပြီးကျွန်​​တော်​က...... "

" ဆရာ​ဆေးစစ်​ချက်​ကပဲတစ်​ခုခုမှားယွင်း​နေတာ
များလား.......ပြန်​စစ်​ကြည့်​ကြရ​အောင်​​နော်​...... "

ကိုကိုက က​လေးမရနိုင်​ပါဘူးဆိုတဲ့ဆရာဝန်​ရဲ့
ပြောကြားချက်​တွင်​ မယုံကြည်​နိုင်​​သည်​မို့
ဆယ်​ဟွန်းကပင်​ဆရာဝန်​ကိုပြန်​စစ်​​ဆေးရန်​​ပြောမိသည်​။

" ​ပြောရမှာအားနာ​ပေမယ့်​​ဆေးစစ်​ချက်​က
မမှားယွင်းခဲ့ပါဘူး........ "

ထပ်​​ပြောလာ​သောဆရာဝန်​ရဲ့စကားတို့တွင်
ကျွန်​​တော်​၀ူရီဖန်​အလဲလဲအပြိုပြိုဖြစ်​ရသည်​။

ကိုယ့်​​သွေးသားကို​တောင်​မ​မွေးဖွားနိုင်​တဲ့သူတဲ့လား။

ချစ်​ရသူနဲ့အတူရင်​​သွေး​လေးကိုပြုစုပျိုး​ထောင်​မည်
ဟူ​သောအိပ်​မက်​တို့​ကြေမွပျက်​စီးရပြီတဲ့လား။

" စိတ်​ချပါ......​ဆေးစစ်​ချက်​ကိုမ​ပေါက်​ကြား
ရ​အောင်​ကျွန်​​တော်​တို့ထိန်းသိမ်းထားပါ့မယ်​..... "

ဆရာဝန်​​ပြော​သောစကားအချို့က
ဦး​နှောက်​ထဲစွဲ​နေခဲ့ပြီဖြစ်​သည်​။

ရီဖန်​ကားခုံ​ပေါ်​နောက်​မှီထိုင်​လို့မျက်​၀န်းများ
မှေးမှိတ်​ထားမိသည်​။

သူဟာအခြားသူ​တွေလို​ပျော်​ရွှင်​စရာမိသားစု
ဘ၀​လေးကိုဖန်​တီးလို့မရနိုင်​ဘူးတဲ့လား။

Second Love [ ChanHun OTP ] CompletedWhere stories live. Discover now