**************
"ကောကော! ငိုနေတာလား?"
ကျိရန် သူ့ပါးပြင်သူ ပြန်စမ်းကြည့်လိုက်တော့ မျက်ရည်စတွေက သူ့လက်ချောင်းသွယ်သွယ်မှာ ကပ်ပါလာသည်
"ဟင် အာ ငါ မငိုပါဘူး အိပ်ချင်လာလို့ မျက်ရည်ကျနေတာ"
ဗရုတ်သုတ်ခအဖြေ ဖြစ်တာကြောင့် ဟောက်ရွှမ်းတစ်ခုခု မေးမလာသေးခင် သူ အမြန်ထရပ်လိုက်တယ်
အညောင်းအညာ ဖြေချင်ဟန်ဆောင်ကာ အကြောတွေကို သူဆန့်ပြလိုက်ရင်း
"အထဲဝင်ရအောင်လေ ငါအိပ်ချင်နေပြီ"
ဟောက်ရွှမ်းက တစ်စုံတစ်ရာ မပြောပဲ အချိန်တစ်ခုအထိ သူ့ကို ငေးကြည့်နေလေတယ် ပြီးမှ သူပါ ထလိုက်ပြီး ကျိရန် ဖရိုဖရဲခြုံထားလျက်ရှိနေတဲ့ စောင်ပါးပါးကို သေသေချာချာ ပြန်ခြုံပေးလိုက်တယ်
"အင်း ဝင်ကြမယ်"
ကျိရန်က မို့နေတဲ့ မျက်ခွံလေးတွေကို ဟောက်ရွှမ်းမတွေ့သွားစေဖို့ ဘေးကိုလှည့်ကာ မျက်နှာလွဲထားလေသည်
ဟောက်ရွှမ်း သူ့ကို စောင်ခြုံပေးပြီးသည်နှင့် သူလည်း ချက်ချင်းထိုနေရာကနေ လှည့်ထွက်လာကာ အခန်းထဲကို ပြေးလုမတတ် ဝင်သွားလိုက်ပြီး သူ့နေရာမှာသူ အမြန်လှဲအိပ်လိုက်လေသည်
ခဏကြာတော့ နံဘေးက ဟောက်ရွှမ်းရဲ့ အငွေ့အသက်နဲ့အတူ အသက်ရှူသံတစ်ခုကိုပါ ခံစားလာရသည်ဟောက်ရွှမ်းက သူ့ဘက်ကို လှည့်ထားတာကြောင့် ဟောက်ရွှမ်းရဲ့ ဝင်သက်ထွက်သက်တိုင်းလည်း သူ့လည်ကုတ်ကို ရူးသွပ်သွားဖွယ် ကောင်းလောက်အောင် လာကျီစယ်နေလေရဲ့
"ကောကော အိပ်မက်လှလှမက်ပါစေ"
ဟောက်ရွှမ်းရဲ့ တိုးတိတ်သော အသံချိုချိုမှာ ကျိရန် အသက်ရှူပင်အောင့်ထားလိုက်မိတယ်
*အရူးလေး ငါအိပ်ပျော်မှာတောင်မဟုတ်ဘူး*
တအောင့်ကြာတော့ ဟောက်ရွှမ်းရဲ့ အသက်ရှူသံက ဖြည်းညင်းလာလေတယ်
YOU ARE READING
Dark & Light
Romanceအလင်းရှိသ၍ အမှောင်ရှိသလို ခင်ဗျားရှိသ၍ ကျနော်ရှိနေချင်တယ် ... XueYang + XiaoXingChen (Just A FanFic)