Unicode...
ဒီတစ်ခေါက်သားကိုကြည့်ရတာတစ်မျိုးပဲ
သူ့ဆီမလာတာကြာလို့စိတ်ကောက်တာမှန်ပေမယ့်သားပုံစံကအရင်လိုမဟုတ်တော့ဘူးအရင်ဆိုသားမျက်နှာကအခုလိုမျိုးလန်းလန်းဆန်းဆန်းမဖြစ်ဘူးစကားကိုလည်းဘုကန့်လန့်ပြန်ပြောတာသူငယ်ချင်းဆိုလို့လည်းperthဆိုတဲ့ကောင်လေးတစ်ယောက်ပဲရှိတာပါ ဘယ်သူငယ်ချင်းမှလည်းအိမ်ပေါ်ခေါ်တင်မထားဖူးပါဘူးအခုတော့Mean
ဆိုတဲ့ကောင်းလေးအိမ်ပေါ်ရောက်နေတယ်
သူကဘယ်တုန်းကသားနဲ့ခင်ရတာလဲဘယ်တုန်းကများသူငယိချင်းဖြစ်ကြလဲ ဒီကောင်လေးပုံစံကြည့်ရသလောက်တော့ရိုးရိုးသားသားပုံလေးပါ ဒါပေမယ့်လည်းသားကိုစိတ်ချပြီးလွတ်ထားလို့လည်းမရဘူး.......စုံစမ်းခိုင်းမှဘဲ.....ဟ
သားအိမ်မှာရှိနေတဲ့ကောင်လေးအကြောင်းသိချင်တယ်
တစ်ချက်စုံစမ်းပေး.......
ဟုတ်ကဲ့boss......
Meanကိုလျောက်မတွေးဖို့ပြောလိုက်ပြီး တစ်ညလုံးတွေးနေတာကကျွန်တော်.....ကြိုက်တယ်ဆိုတဲ့စကားကို
ကျွန်တော်စိတိထဲရှိတဲ့အတိုင်းပြောခဲ့တယ် တကယ်က
ကြိုက်တယ်တိုတာထက်ချစ်တယ်လို့ပြောချင်ခဲ့တာ
ဒါပေမယ့်လည်းပြောလို့မရတဲ့အခြေနေတွေလေ
ကျွန်တော်ပြောလိုက်ရင်သူများကျွန်တော့်ကိုရွံသွားမလား
ကျွန်တော်ပြောလိုက်ရင်အနားကနေပျောက်ကွယ်သွားမှာကြောက်တယ် ကျွန်တော်သူ့ကိုချစ်နေတယ်ဆိုတာ
သူသိခဲ့ရင်ဘာတွေများပြောင်းလဲသွားမလဲ ကျွန်တော်
ကြောက်တယ် ရွံ့စရာတစ်ခုလိုသူကျွန်တော့်ကိုကြည့်မှာ
ကျွန်တော်ကြောက်တယ် သူ့ပါးစပ်ကgayလားလို့မေးမှာ
အဲ့မေးခွန်းတွက်ကျွန်တော်ကိုယ်တိုင်တောင်အဖြေမရှိဘူး
Gayမဟုတ်ပေမယ့်ကျွန်တော်သူ့ကိုချစ်မိနေခဲ့ပြီ
အဲ့အချစ်ကဘာအရောင်မှမပါတဲ့အဖြူထည်သန့်သန့်လေးနဲ့ပဲကျွန်တော်သူ့ကိုချစ်တယ်
သူရဲ့ ဥပေက္ခာ တွေကျွန်တော်မလိုချင်ဘူး...........
အဲ့တော့ကျွန်တော်ရဲ့အချစ်တွေကိုမျိုသိမ့်ထားပြီးဒီတိုင်း
လေးပဲအခုလက်ရှိအခြေနေတိုင်းလေးပဲနေတာပိုကောင်းပါတယ်လေ အကြိမ်ကြိမ်သူမကြားနိုင်ပေမယ့်
တိတ်တိတ်လေးပြောနေကျစကားလေးတစ်ခွန်း
ငါမင်းကိုသိပ်ချစ်တာပဲMeanရယ်.........
