Part 7

33.5K 1.6K 131
                                    

ယင်းချီ မနက်အစောကြီး
ယွီရှင်းနှင့်စကားပြောပြီးထဲက
ချက်ချင်းထွက်လာခဲ့လေသည်
မြင်းကိုအမြန်ဒုန်းစိုင်းစီးလာပြီး ဖခင်ရှိရာရွှေနန်းတော်ဆီသို့....

"ခမည်းတော်...သားတော်ပြန်လာပါပြီ"
"ဟုတ်ပြီ....ယင်းချီမင်းကအသိတတ်ဆုံးသားပဲ"
ဘုရင်မင်းမြတ်ရဲ့မျက်နှာကရွှင်ပြုံးနေပြီး
စိတ်ကျေနပ်နေဟန်
"မနက်ဖြန်ဆို ဝမ်မင်းသမီးရောက်လာတော့မယ်နော်...ကိုယ့်မိဖုရားကိုကိုယ် သွားပြီးကြိုဆိုရမယ်နော်"
ယင်းချီအဖေဖြစ်သူရဲ့ပြောစကားကိုခေါင်းညှိမ့်ရုံမျှသာပြပြီး
ထိုနေရာမှချက်ချင်းထွက်ခွာလာသည်
ချင်းအာမှအဆင်ပြေရဲ့လားဆိုသော အတွေးများကသာ
စိတ်ထဲကြီးစိုးနေသည်.....
နောက်ဆုံးသူ့အနေနဲ့ချင်းအာသတိရသလားဆိုတာတောင်
မသိလိုက်ရချေ လျိုဟန်ကိုတော့ လစဉ်လတိုင်းစာပို့ပေးဖို့ပြောထားသည်

စည်ကားလှသော လှည်းယာဉ်တန်းကြီးက မြို့ကိုဖြတ်ကာ
နန်းတော်အတွင်းသို့ဝင်လာလေသည်
ထိုလှည်းယာဉ်ပေါ်၌ အမျိုးသမီးတစ်ဦးသည် ရွှေဝါရောင်တောက်ပနေသော ရွှေပုဝါကို မျက်နှာထက်ဝက်တိတိအုပ်ထားပြီး မျက်လုံးလေးသာဖော်ထားသည်
ညှို့အားကောင်းသောမျက်ဝန်းများက
ဆွဲဆောင်မှုကောင်းသလို မြွေဟောက်တစ်ကောင်ကဲ့သို့အသွင်ကိုလည်းဆောင်နေသည်

ရှင်ဘုရင်မင်းမြတ်ကိုယ်တိုင်က
ဝတ်ကောင်းစားလှများဝတ်ဆင်ကာလာရောက်ကြိုဆိုနေသည်
ယင်းချီလဲ အပါအဝင်ဖြစ်
လှည်းယာဉ်ပေါ်ကနေကျော့မော့စွာ
ဆင်းသက်လာပြီး နန်းရင်ပြင်ကို ကြည့်လိုက်သည်
သူမကိုအားလုံးကတလေးတစားဖြင့်ကြိုဆိုနေကြသည်
ကောဇောအနီရောင်ခင်းထားသောလမ်းပေါ်တွင်
ယင်းချီနှင့်ဘုရင်ဖြစ်သူက
ဆီးကြိုနေသည်
ယင်းချီရဲ့ ချောမောလှပတဲ့အသွင်ကြောင့်
ကိုယ့်ကိုကိုယ်ကျေနပ်နေမိသည်
*ငါ့ရဲ့ရုပ်ရည်နဲ့ ဒီမင်းသားကိုပိုင်ရတာ တန်ပါတယ်လေ*
ယင်းချီကတော့အတတ်နိုင်ဆုံးမျက်နှာကိုထိန်းကာ
ထိုမင်းသမီးဆီသို့ လျှောက်လှမ်းသွားလေသည်
"မင်းသမီး ဒီတိုင်းပြည်ကိုနှစ်သက်ပါရဲ့လား"
"အို....ကိုယ့်ခင်ပွန်းကဲ့တိုင်းပြည်ပဲကို နှစ်သက်ရတာပေါ့"
ဘုရင်နှင့်မင်းသမီးကတော့ အဆင်ပြေနေသည့်ဟန်
(နင်တို့ပဲယူလိုက်ပါလား)

အရှင့်အလိုတော်ကျ(🔞🔞🔞)Where stories live. Discover now