2

991 115 8
                                    

"အသေအချာလုပ်ခဲ့တယ်မလား..."

"ဟုတ်... စိတ်ချပါ... သူနောက်ထပ်တောင့်ခံနိုင်ရင် အလွန်ဆုံး နာရီဝက်..."

"သူ့ စိတ်တွေပုံမှန်မဟုတ်တော့တာနဲ့ ငါယူထားတဲ့ အခန်းဆီကို မရောက်ရောက်အောင်ပို့လိုက်..."

Five Star အဆင့် Hotel ကြီးရဲ့ VIP အခန်းအတွင်း တစ်ကိုယ်လုံး တန်ဖိုးကြီး အဝတ်အစားတွေ ဆင်မြန်းထားသည့် အနုပညာရပ်ဝန်းမှ နာမည်ကြီး မင်းသမီးတစ်ယောက်သည် Hotel ဝန်ထမ်းကောင်လေးကို ပိုက်ဆံ အထပ်လိုက်ပေးနေသည်။ Waiter ဖြစ်ဟန်တူတဲ့ ဝန်ထမ်းလေးသည် ပိုက်ဆံတွေ လူမမြင်အောင် ရင်ဘတ်ထဲ ထည့်ဝှက်ရင်း အခန်းထဲက ခပ်သုတ်သုတ်ထွက်သွားသည်။ သူ၏ ဦးတည်ရာသည် Hotel ၏ ဈေးကြီးပေးငှါးရသော Party Room တွင် ယနေ့ညက ပူပူနွေးနွေး Best Actor ဆု ထပ်မံ ဆွတ်ခူးရရှိထားသော Actor Kai ၏ ဂုဏ်ပြုညစာစားပွဲကျင်းပရာနေရာဆီသို့ဖြစ်သည်။

❤❤❤❤❤❤❤❤❤❤❤❤❤❤

ခန္ဓာကိုယ်တစ်ခုလုံး ချွေးတွေစို့လာပြီး တစ်စုံတစ်ရာကို အပြင်းအထန်လိုချင်လာတဲ့ မိမိခန္ဓာကိုယ်ရဲ့တောင်းဆိုမှူကြောင့် ဘယ်လိုမှ ဒီနေရာမှာ ဆက်ရှိနေလို့မဖြစ်ဆိုတဲ့ အသိနဲ့အတူ သောက်လက်စဝိုင်ခွက်ကို ပြန်ချပြီး မတ်တပ်ရပ်လိုက်ရသည်။

"Jongin... ဘယ်သွားမလို့လဲ...ဒါက မင်းပွဲနော်... ဖိတ်ထားတဲ့ ဧည့်သည်တွေရော အများကြီး... မင်းရှိမနေလို့ မဖြစ်ဘူး..."

ရုတ်တရက်ကြီး မပြောမဆို ထပြန်သွားမှာ စိုးရိမ်နေသည့်အလား CEO Wu သည် Jongin ကို တိုးတိုးတိတ်တိတ် သတိပေးသလို ပြောသည်။

" Toilet ခဏ..."

Jongin စကားအကြာကြီးပြောလို့မရတာကြောင့် ခပ်သုတ်သုတ်ထွက်လာသည်။

Toilet ခန်းထဲမှာ ကိုယ့်ကိစ္စကိုယ်ရှင်းပေမယ့် ဒါကသွေးရိုးသားရိုးမဟုတ်စွာ တဖြေးဖြေး ပိုပြီး ကိုယ့်ကိုမထိန်းနိုင်တဲ့ အခြေအနေ...။

ဟာကွာ... တောက်....

ခံပြင်းသည်ဆိုတာထက် အခုလိုဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို ဒေါသတွေထွက်လာသည်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီအတိုင်း Party Room ဆီပြန်လို့် မဖြစ်တဲ့ အခြေအနေမှာ အိမ်ကိုပြန်ဖို့ပဲ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချလိုက်သည်။

Again And Again ( အထပ်ထပ်အခါခါ)Where stories live. Discover now