08 ( အိမ်မက် ရှာပုံတော် ၁ )

1.5K 119 1
                                    

          နောက်တပတ် ရောက်တော့ သူစနေလို
ကျောင်းပိတ်ရက်ကို တမင်ရွေးပြီး သွားပြရမဲ့ ဆရာဝန်နဲ့ ချိန်းဆိုလိုက်သည်။ လိုက်ချင်သူများလဲ ကျောင်းသင်ခန်းစာအချိန် မဖြတ်ပဲ လိုက်ရအဆင်ပြေအောင် ဒီနေ့ကိုတမင်ရွေးလိုက်ခြင်း
ဖြစ်သည်။

ရှောင်းကျန့်

'' ကဲဒီနေ့  ငါဆရာဝန်သွားပြဖို့ရှိတယ် မင်းတို့
လိုက်မယ်မလား။ အဆင်သင့်ဖြစ်ရင်သွားရ
အောင် ငါဆောင်အောက်က ပန်းခြံလေးမှာ
စောင့်နေမယ်။ မင်းတို့ပြီးရင်ဆင်းလာခဲ့နော် ''

          ဒီနေရာလေးကို မရောက်တာတောင်
ကြာပြီ သေသေချာချာတွက်ကြည့်မယ်ဆို
2 ပတ်လောက်ရှိပြီ။ ဒီရက်ပိုင်း ဆေးခန်းပြ
လိုက် ကျောင်းကပေးတဲ့ project တွေနဲ့
လုံးပန်းလိုက်နဲ့ သူ့ခန္ဓာကိုယ်လေး နဲနဲပိန်သွားသည်။ ပန်းခြံလေးကို ရောက်တာနဲ့ သူ့မသိစိတ်က တောင်ကြည့်မြောက်ကြည့်နဲ့  အရိပ်လေး တခုကို ရှာဖွေမိသည်။ မတွေ့တော့မှ ဒန်းခုံလေးတစ်ခုကို ဝင်ထိုင်ကာစဉ်းစားမိသည်။ (ငါ့မှာလဲ
ပန်းခြံလိုနေရာမျိုးမှာ ကောင်မလေး
တစ်ယောက်နဲ့ အမှတ်တရရှိရမဲ့ အစား၊
ဘယ့်နှယ် ယောက်င်္ကျားတစ်ယောက်နဲ့ဖြစ်ဘူး
တဲ့အမှတ်တရကိုပြန်စဉ်းစားမိတာပါလိမ့်။ မ Ro လိုက်တာ။ ပြီးတော့လဲ တဘက်လူနဲ့ ပြသနာ
တတ်တာ ဘယ်လောက်တောင်သနားဖို့
ကောင်းတဲ့ ငါလေးလဲ) သူစဉ်းစားနေတုန်း
စစ်ကျွေးက အကိုလူစုံပြီ သွားရအောင်ဟုပြော
ကာသူ့အားလက်ယက်ခေါ်နေသည်။

          ဆေးခန်းတစ်ခုရဲ့ အပေါ်ဝရောက်တော့
ဝမ်နင်က '' ဒါဒါ ဒါက ကျွန်တော့်မမ ဆေးခန်းပဲ။ Zhan Ge ကအခုဒီကိုလာတာလား
'' အေးဟုတ်တယ်လေကွာ။ ငါ့ဆရာဝန်ပေး
လိုက်တဲ့လိပ်စာအတိုင်းဆို ဒီလိပ်စာပဲလေ။ ဒါက မင်းအမ ဆေးခန်းလား'' ကျွန်တော် ဝမ်နင်
ပုခုံး ကိုပုတ်ပြီး '' မင်းမှာ အမရှိတယ်လို့ ပြောတာမကြားမိ ပါဘူး။ မင်းက လျှိုထားတာပေါ့''

ဝမ်းနင်

'' အဲဒီလိုလဲ မဟုတ်ပါဘူး Zhan Ge ကလဲ ဒီလိုပဲစကား မတိုက်ဆိုင်လို့ မပြောဖြစ်တာပါ  ''

သူတို့အုပ်စု စကားပြောနေစဉ် ခပ်ချောချော
မိန်းကလေး တစ်ယောက် သူတို့စီ ကို
တည့်တည့်လျှောက်လာကာနုတ်ဆက်စကားဆိုလာသည်။

Love is . . . . . Tempat cerita menjadi hidup. Temukan sekarang