ကျွန်တော်ချစ်တဲ့ဦး 💕💕💕
အပိုင်း (၂၅)
(ဇာတ်သိမ်းပိုင်း)
'ဟယ်လို. . . အေး... ပြော. . ´
'အေးအေး. .အာ့ဆို လိုအပ်တာတေအကုန်လုပ်ထားလိုက်တော့. . ငါဒီကဆရာဝန်နဲ့တိုင်ပင်ပြီး . .ကလေးကိုအမြန်ဆုံးခေါ်လာခဲ့မယ်. . . . ´
'အေးအေး. . . ငါစိတ်ချမယ်နာ်. . . . ငါပြန်ရောက်မှနင့်တို့ကို ကျေးဇူးဆပ်မယ်သိလား. . . . ´
'အိုကေ. . . အိုကေ. . . . ဟဲ့နေအုံး. . . နေအုံး. . . ငါပြောဖို့တစ်ခုကျန်နေသေးတာ. . တော်သေးတယ်မေ့တော့မလို့. . . အာ့ဆေးရုံမှာပဲ. . . အထူးခန်းတစ်ခန်းထပ်ငှါးထားပေး. . . ဆရာဝန်ကိုလဲပြောပေးထား. . . အာ့တစ်ယောက်ရ medical checkupလုပ်မှာလို့. . . လူနာကအရမ်းအားနည်းနေသလို. . စိတ်ဖိစီးမှုတေအရမ်းများနေတဲ့သူလို့ သေချာပြောပေးထားနော်. . . . အေး. . . အေးအေး. . . အာ့ဆို ဒါပဲနော်. . . Bye´
ကျွန်မဖုန်းချလိုက်ရုံရှိသေး. . . . .
'မိchen... ..ဘယ်သူနဲ့ဖုန်းပြောနေတာလဲ. . ´
'ဘန်ကောက်က သူငယ်ချင်းနဲ့လေ........ငါ saintလေးအတွက်ဆေးရုံကိစ္စတေစုံစမ်းခိုင်းထားတာ. . ခုအားလုံးအဆင်ပြေပီတဲ့....နှလုံးအလှူရှင်လဲရှိတယ်တဲ့. . . အားလုံးအဆင်သင့်ဖြစ်နေပီ Nuk. . . ..ငါတို့ ဆရာဝန်ကြီးနဲ့သွားတွေ့ပီး. . ငါတို့. . . အမြန်ဆုံးဘန်ကောက်ကိုသွားရအောင်. . .´
'နှလုံး. . အလှူရှင်. . . ရပီဟုတ်လား. . . . အာ့ဆို. . . ငါ့. . . ငါ့သားလေး. . . . နေပြန်ကောင်းပြီး. . . သူလုပ်ချင်တာတေလုပ်ခွင့်ရတော့မှာပေါ့နော်. . ဟုတ်တယ်မဟုတ်လား. . မိchen. . . ´
Nuk တစ်ယောက်. . ဝမ်းသာလွန်းလို့ထင်တယ်. . မျက်ရည်တေအဆက်မပြတ်ကျလာပြီး. . . အရူးတစ်ယောက်လို. . . . ကျွန်မကို စကားတေအဆက်မပျက်ပြောနေလေရဲ့. ..
'နင့်သားလေးက. . . . ကျန်းကျန်းမာမာနဲ့ လုပ်ချင်တာတေလုပ်ခွင့်ရတော့မှာ. . . အထူးသဖြင့်. . . သူအရမ်းချစ်ရတဲ့. . နင်ရယ် သူ့ချစ်သူ ဦးဦးရယ် နဲ့ အချိန်အကြာကြီးနေသွားတော့မှာ. . . . နင်ပျော်တယ်မို့လား Nuk. . ´
YOU ARE READING
ကျွန်တော်ချစ်တဲ့ဦး💕💕💕💕
Romanceကျွန်တော်ချစ်တဲ့ဦး💕💕💕💕 အမဖြစ်သူကအငှါးကိုယ်ဝန်ဆောင်လုပ်ဖို့လက်ခံလိုက်ပီး သနေ္ဓအောင်မြင်ပီး ကိုယ်ဝန်ရှိလာတဲ့အချိန်ရောက်မှ အမဖြစ်သူကိုအငှါးကိုယ်ဝန်ဆောင်ဖို့ငှါးရမ်းထားတဲ့သူေဋ္ဌးလင်မယားက ရုတ်တရက် ကား Accident ဖြစ်ပီးဆ...