(12)

2.5K 348 24
                                    

Zawgyi

ကုတင်ပေါ်မှာ အောက်ဆီဂျင်ပိုက်နဲ့လဲ
လျောင်းလဲနေတဲ့ ခန္ဓာကိုယ်သေးသေးတစ်စုံ
ဆေးရုံကိုအချိန်မှီလာခဲ့တာမို့ စိုးရိမ်စရာ
တော့မရှိ..။သို့သော် Yoongi ကတော့
ကုတင်ပေါ်ကအနှီကောင်လေး သတိမရမချင်း
စိုးရိမ်နေဦးမှာ......

Yoongi:တောက်ခ်!!!!!!!

Yoongi jimin ကိုကြည့်ရင်း စိတ်ပူနေရာက
နေ ဒေါသတွေအလိပ်လိုက်တက်လာတယ်။

ဘယ်သူက jimin ကိုထိုအခန်းထဲသော့ပိတ်
ထားရတာလဲ။ လူမရှိဘူး အထင်နဲ့ပိတ်စရာ
အကြောင်းမရှိ၊နောက်တစ်ခုက jiminက
Training ဆင်းနေတဲ့လူ...။MV ထဲမှာပါရ
မဲ့ အကသမား...။အကသမား တစ်ယောက်
အနေနဲ့စတိုခန်းကိုသွားစရာအကြောင်းမရှိ။

သူjimin ကိုရှာနေတုန်း မေးလိုက်တော့
ရှူတင်မန်နေဂျာခေါ်လို့ စတိုခန်းထဲသွား
တာလို့ တစ်ယောက်ယောက်ဖြေလိုက်တာပဲ။

Yoongi အင်္ကျီအိပ်ထဲက ph ကိုထုတ်ပြီး
အတွင်းရေးမှူး lee ကို ph ခေါ်ပြီး

Yoongi:အတွင်းရေးမှူး Lee ဒီနေ့ RM MV
အတွက် MV ရိုက်ဖို့တာဝန်ယူတဲ့လူ
Dancer တွေ saff တွေ stylist တွေ
ယုတ်စွအဆုံး သန့်ရှင်းရေးဝန်ထမ်းတွေကို
စုပြီး meeting roomထဲကိုခေါ်လိုက်
တစ်ယောက်မှမကျန်စေနဲ့...။အခုချက်ချင်းခေါ်
ကျွန်တော်လာခဲ့မယ်။တစ်ယောက်ကျန်
ရင် ခင်များနဲ့ကျွန်တော် အတွေ့ပဲ.......

Yoongi ph ချပြီး ကုတင်ပေါ်မှာလှဲနေတဲ့
Jimin နဖူးကိုနမ်းပြီး

Yoongi:Min ပြန်လာခဲ့မယ် ကလေး...
အရမ်းချစ်တယ်....

သူ့စကားတွေကိုကောင်လေးကြားမယ်ဆို
တာသိတာမို့ ပြောပြီးအမြန်ဆုံးထွက်လာခဲ့
လိုက်တယ်။
.
.
.
.
.
.
.
.
.
ဒုန်း!!!!!

CEO က အစည်းအဝေးဆိုတော့ ဒီနေ့ရိုက်
တဲ့ MV မှာပါတဲ့ ဒါရိုက်တာ၊ staff ၊ dancer
တွေနဲ့ Trainee တွေ အကုန်လုံး အစည်းအ
ဝေးအခန်းထဲမှာစောင့်နေတုန်း ကျယ်လောင်
တဲ့တံခါးဖွင့်သံကြောင့် အားလုံးရုတ်ချည်းငြိမ်
သက်သွားတယ်။

မျက်နှာထား ခပ်မာမာနဲ့ ဝင်လာတဲ့ CEO
ကြောင့် အားလုံးကြောက်ရွံ့နေကြတယ်။
Jimin ကိုပွေ့ချီပြီးထွက်သွားတဲ့ Yoongi
က အခုသူတို့ကိုခေါ်ပြီး ဘာများလုပ်ဦး
မလို့လဲ။ jimin ရဲ့မေ့မြောနေတဲ့ပုံစံကြောင့်
စိတ်ပူနေတဲ့ CEO ကိုတောင်သူတို့အံ့အား
သင့်နေသေးတာ။

My Heartbeat ProducerWhere stories live. Discover now