4

1.6K 177 16
                                    

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်လေး
ဂျင်းနီနဲ့လီဆာငြိမ်သက်နေမိတယ်။
စမ်းချောင်းလေးဘေးမှာထိုင်နေကြကာ
လီဆာကတော့ကျောက်ခဲလေးတွေနဲ့
ရေထဲကိုလှမ်းပစ်နေပြန်တယ်။

" ဘယ်လိုမျိုးအသက်ရှင်နေခဲ့တာလဲ
တောင်ပေါ်ကမမပြန်ဆင်းပြီးတစ်ပတ်လောက်
ကြာတော့မျက်ကြည်လွှာအလှူရှင်ပေါ်လာတယ်လေ
နိုဘန့်ကိုလိုက်ရှာသေးတာ မျက်နှာမမြင်ဖူးတော့
တော်တော်အခက်တွေ့တာ "

" အင်း တောင်အောက်ကိုပြုတ်ကျသွားပေမယ့်
အောက်မှာရေကန်လေးရှိနေခဲ့တာ တောင်ခြေရွာကဦးလေးကြီးတွေကတွေ့လို့
ကယ်တင်ပေးခဲ့တာ နှစ်နှစ်လောက်အဲ့ရွာလေးမှာ
နေခဲ့ရတာ "

နှစ်နှစ်ဆိုတဲ့အချိန်က ကျွန်မကိုအများကြီးပြောင်းလဲစေခဲ့တာ။
အထက်တန်းလည်းအောင်ခဲ့သလို
အဒေါ်နဲ့လည်းအဆင်ပြေခဲ့တာ။
နိုဘန်ကတော့ တောင်ခြေရွာမှာပဲနေခဲ့တာဆိုတော့
ဘယ်လောက်ထိအထီးကျန်နေခဲ့မလဲ။

" နောက်ပိုင်းကျ ဦးလေးဖိုင်ကနိုဘန့်ကိုရှာတွေ့ခဲ့တယ်
ဦးလေးနန်ကတော့အဲ့နေ့ကဒဏ်ရာရပြီး
တစ်ပတ်လောက်ကြာတော့ဆုံးသွားခဲ့တာ "

နိုဘန်က ကျွန်မနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်
ပြင်ပြီးထိုင်လိုက်တယ်။
ကျွန်မပါးပြင်လေးကိုခပ်ဖွဖွကိုင်နေပြီးကာမှာ
မျက်ဝန်းစိုက်ကြည့်နေပြန်တယ်။

" တစ်ကယ်တော့လေ ဦးလေးနန်ကတစ်ကယ်
သစ္စာစောင့်သိတဲ့လူတစ်ယောက်ပါ နိုဘန့်အတွက်ပဲ
တွေးနေခဲ့တာ နိုဘန်လိုအပ်နေတဲ့အရာကိုလည်း
သိနေခဲ့တာကြောင့် မမကိုမျက်ကြည်လွှာလှူဒါန်း
ခဲ့တယ်တဲ့လေ "

ကလေးရဲ့စကားကကျွန်မကို အံသြမှင်သက်စေသည်

" ဟို စကားသိပ်မပြောတဲ့အေးစက်စက်ဦးလေး
မဟုတ်လား နိုဘန် တစ်ခါလောက်မြင်ဖူးချင်တယ်"

ကလေးခေါင်းညိမ့်ပြတယ်။

" ဟုတ်တယ် ဦးလေးနန်ရဲ့အရိုးပြာကို
ထိုင်းကိုပြန်ပို့ပေးချင်တာ နိုဘန်ထိုင်းကိုပြန်ခဲ့တယ်
အဲ့ဒီအချိန်တည်းကစကားမပြောဖြစ်တော့တာ
ပြီးတော့ ကိုရီးယားကိုပြန်လာတယ် မမ မသိပေမယ့်လေ မမအနားမှာနိုဘန်အမြဲရှိနေခဲ့တာ"

True Love Where stories live. Discover now