Episode -1

10.1K 258 7
                                    

Unicode

"မိန်မိန် ........ geအချစ်ကိုလက်ခံပေးနိုင်မလား"

"မိန်မိန် လည်းgeကိုချစ်တယ်"

"တကယ်လား... မိန်မိန် ge ကိုတကယ်လက်ခံတာလား"

"တကယ်ပါ geကိုစတွေ့ကတည်းကချစ်ခဲ့တာပါ"

"မိန်မိန် ရယ်"

ကောင်လေးကကောင်မလေးကိုဖက်ထားလိုက်တော့သည်။

"Cut ........ တော်တယ်..... Lu Han...... တော်တယ်...... You May....... အားလုံးတာဝန်ကျေပါတယ်..... Lu Han ရိုက်ကွင်းပြီးပြီဆိုတော့. နှုတ်ဆက်ပွဲလေးလာခဲ့ပါ့လားတစ်ဖွဲ့လုံးစုပြီးပျော်ပွဲလေးပေါ့"

"ဒါရိုက်တာကြီး... Lu Hanကဒီနေ့ဖျော်ဖြေပွဲရှိတယ် တောင်းပန်ပါတယ်နော်"

မန်နေဂျာကဝင်ပြောလေသည်။

"အာ..... ဟုတ်သား.... မေ့နေတာ.. ရတယ်. ဘာမှမဖြစ်ဘူး.... နောက်ပွဲမှလာလို့ရတယ်"

"ဟုတ်ကဲ့... တောင်းပန်ပါတယ်..... ဒါရိုက်တာကြီး... "

"ဟာ... ပြောစရာမလိုဘူး.... သွားတော့Lu Han.. နောက်ကျနေပြီ"

ကားနောက်ခန်းမှလုဟန်အား မန်နေဂျာက နောက်လှည့်ပြီး

"Lu Han..... သိပြီးပြီလား.... ဒီနေ့ပွဲမှာ Wang Yiboလာမှာတဲ့"

"အော်.. "

ဒီနေ့တော့ Star Entertainment မှစီစဥ်တဲ့ပွဲမှာအနုပညာရှင်ပေါင်းများစွာဖျော်ဖြေပွဲဖြစ်တယ်။ GLACIER လိုနာမည်ကြီးအဖွဲ့လာမည်ဆိုတာမဆန်း။
GLACIER member ဝင် Wang Yiboလာမည်ဆိုတော့နည်းနည်းစိတ်လှုပ်ရှားနေတာတော့အမှန်ပင်။
Lu Hanရဲ့ Ex ... အချစ်ဦးဆိုလည်းမမှားပေ။ ချစ်သေးလားမေးရင်.... အမှန်တကယ် ချစ်သေးတယ်..... ဘာလို့လမ်းခွဲခဲ့တာလဲ ဆိုရင် Wang Yiboကိုအောင်မြင်စေချင်လို့
လမ်းခွဲတဲ့နေ့က Wang Yibo ရဲ့မားဆုံးတဲ့နေ့
သူ့မားကYiboကိုအရမ်းအောင်မြင်စေချင်ခဲ့တာ မားကLu Hanနဲ့တွဲနေတာကိုသိတော့သဘောမတူဘူးလမ်းခွဲခိုင်းတာ Yiboကလည်းလက်မလျှော့ဘူး ခေါင်းမာတယ်
Yiboကိုမဆုံးခင်ပြောသွားတဲ့နောက်ဆုံးစကားက
အရမ်းအောင်မြင်စေချင်တယ်တဲ့ လေ
Lu Hanနဲ့ဆက်တွဲနေရင် ဒီနေ့အထိ အောင်မြင်မှာမဟုတ်ဘူး

Story Of StarWhere stories live. Discover now