ကြာကန်ကိုဖြတ်တိုက်လာသော လေနုအေးနဲ့အတူ လွင့်ပြန်နေတဲ့ ဆံနွယ်စတွေ
ကြာရနံ့တွေနဲ့ ရောထွေးနေတဲ့ စန္နာကူးနံ့သင်းပျံပျံက စိတ်အာရုံကိုစွဲဆောင်လျက်
အကြင်သူရဲ့နှုတ်ခမ်းထက်မှာ နေရာယူထားတဲ့ လျဲ့ပင်းဆီက သာယာစွာတိုးထွက်နေတဲ့ ငြိမ့်ညောင်းတဲ့သံစဉ်
ကျန်းဝမ်ရင် သူ့ရှေ့ကချစ်ရသူကိုကြည့်ကာ သက်ပြင်းငွေ့ငွေ့ချမိသည်
* လန်ရှီးချန် ခင်ဗျားဘာ့ကြောင့် ဒီလောက်ပြည့်စုံနေရတာလဲ ကျွန်တော်စိတ်မချနိုင်ဘူးဗျာ *"၀မ်ရင် ဘာတွေအဲ့လောက်တွေးနေတာလဲ"
လန်ရှီးချန် တေးသွားအဆုံးသတ်ပြီး ချစ်ရသူကို ပြုံးပြီးမေးလိုက်တယ်"ဘာ.....ဘယ်မှာဘာတွေးနေလို့လဲ"
"၀မ်ရင်"
"ဘာလဲ"
"ကလေးအတွေးတွေ ကိုယ့်ဆီကလွဲ အခြားရောက်နေတာ ကိုယ်သဘောမကျဘူး"ကျန်းဝမ်ရင် ဘာမှပြန်မပြောဘဲ မျက်နှာလွှဲလိုက်တယ် မဟုတ်ရင် သူ့အတွေးတွေ ဘူးပေါ်သလို ပေါ်ကုန်တော့မှာ သူသဘောမကျ သူချစ်ပေမယ့် ထုတ်ပြောဖို့ဆိုတဲ့ ကိစ္စကြီးကကြ ရှက်ဖို့ကောင်းလွန်းတယ်လေ
"၀မ်ရင်"
"ဘာလဲဗျာ"
ကျန်းဝမ်ရင် စိတ်ရှုပ်စွာ မျက်နှာစူပွပွလေးလုပ်ပြီး ပြန်ဖြေလိုက်တယ်
"ဒီနေ့ဘာနေ့လဲ"
"ဟင် ဘာနေ့လဲ"
"ကလေးရယ် ဒီနေ့ ကလေးနဲ့ကိုယ့်လက်ထပ်ပြီး ၁လပြည့်လေကွယ်"
လန်ရှီးချန် နာကျင်စွာဆိုရင်း ထိုင်နေရာမှထကာ ကျန်းဝမ်ရင်နံဘေး ၀င်ထိုင်လိုက်တယ်အကြင်သူလေး တွန့်သွားတာ ခံစားမိပေမယ့် ဖြစ်နေကြပါပဲလေလို့ ဖြည့်တွေးပြီး ချစ်ရသူကို ရင်ခွင်ထဲ ထည့်ဖက်ထားမိတယ် သူ ဤလူသားကို သိပ်ချစ်ပါသည် ဤလူသားလေး သူ့ကိုချစ်တာကိုလည်း သူသိသည် ဒါပေမယ့် သူစိုးရွံနေဆဲ သူချစ်ရတဲ့ကလေးက သူ့အတွက်ဆို စွတ်ဆက်တွေးပြီး အနားကနေ ထွက်သွားမှာကို
ကျန်းဝမ်ရင်မှတ်မိတာပေါ့ ဒီနေ့က သူတို့လက်ထပ်ခဲ့ပြီးတာ ၁လပြည့်တဲ့နေ့မှန်း ဒါပေမယ့် သူဝန်မခံချင်ဘူးလေ သူ့စရိုက်က အဲ့လို့ဘဲကို ခေါင်းမာလွန်းပြီး အရှက်ကြီးတာ မားဆီကအမွေတွေလေ သူလည်းပဲ ပြောပြချင်တာပေါ့ ဒီလူကြီးကို သူဘယ်လောက်ချစ်ကြောင်း ဘယ်လောက်မြတ်နိုးကြောင်း အရဲစွန့်ပြီး ပြောမယ်ကြံလိုက်တိုင်း လျာဖျားမှာတင် စကားလုံးတွေပျောက်သွားရတဲ့ သူ့ကိုသူ ဒေါသထွက်ရတာလည်း အကြိမ်ကြိမ် အခါခါ နှုတ်ကမပြောနိုင်မှတော့ ခန္ဓာကိုယ်နဲ့ သက်သေပြလိုက်တယ် ငြိမ်ငြိမ်လေးထိုင်နေခြင်းနဲ့ပေါ့
![](https://img.wattpad.com/cover/201672687-288-k561835.jpg)
YOU ARE READING
ခရမ်းနုကြာတို့ရဲ့နယ်နိမိတ်အလွန်
Short Storyချစ်ရသောသူအတွက် ဒီficကို ကျွန်တော်ရေးသည်