Part-(29) Z×U

1.1K 131 6
                                    

"Taemin .. ဒီနေရာက "

Taemin ခေါ်သွားတဲ့နေရာရောက်တော့ KyungSoo က ပါးစပ်အဟောင်းသားလေးနဲ့ အံ့သြနေလျက် ..

"Appa ပဲ သွားချင်တယ်ဆို. .. ကြာတော့ကြာခဲ့ပေမယ့်
ကျွန်တော်အခုထိ မှတ်မိတယ် ... "

KyungSoo ရဲ့ အသွားချင်ဆုံးနေရာက
ဆုတောင်းပြည့်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ သစ်ပင်ကြီးရှိတဲ့နေရာ ...

သစ်ပင်ကိုသွားရာ လမ်းတစ်လျှောက်မှာ
လေအေးတွေတိုက်တာမို့လို့ KyungSoo ကို အလယ်မှာထားလိုက်ပြီး JongIn ရော Taemin ပါ သူ့လက်ကလေးကို တစ်ဖက်စီဆုပ်ကိုင်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ... "

KyungSoo ရဲ့ ကျေးဇူးတင်စကားကြောင့် သွားနေတဲ့ခြေလှမ်းတွေ ခဏရပ်သွား၏။

"အခုလို ... လုပ်ဖူးချင်တဲ့အရာတွေက်ု လုပ်ခွင့်ပေးလို့
တကယ် ကျေးဇူးတင်ပါတယ် "

JongIn ကိုရော Taemin ကိုရော တစ်ဖက်စီကြည့်ပြီး
ပြောနေတဲ့ KyungSoo ရဲ့ စကားတွေကြောင့်  ထိန်းထားတဲ့ မျက်ရည်တွေကို ကျဆင်းခွင့်ပေးလိုက်သည်။

"မငိုနဲ့လေ ... "

KyungSoo ရဲ့ ရင်ခွင်ထဲတိုးဝင်ပြီး ရှိုက်ကြီးတငင်ငိုနေတဲ့ Taemin ကို တင်းကျပ်စွာပြန်လည်ဖက်ထားလိုက်ပြီး နောက်ကျောလေးကို  ဖွဖွလေးပုတ်ကာနေလိုက်သည်။

JongIn ကတော့ နှုတ်ခမ်းကိုတင်းတင်းစေ့ရင်း မျက်ရည်မကျအောင်သာထိန်းထားသည်။

"နှစ်ယောက်လုံး အနောက်ကနေပြီး လိုက်ခဲ့ ...
တစ်ယောက်တည်းသွားချင်လို့ "

JongIn နဲ့ Taemin ကို အနောက်ကနေ အတူတူလိုက်ခိုင်းပြီး အရှေ့ကနေ တစ်ယောက်တည်းဖြည်းဖြည်းချင်းသွားနေတဲ့ KyungSoo ရဲ့ ကျောပြင်လေးကို
နှစ်ယောက်လုံး အတွေးကိုယ်စီနဲ့ ငေးကြည့်နေမိသည်။

"ပိန်သွားလိုက်တာ ... "

JongIn ဆီကနေ အသံခပ်တိုးတိုးထွက်လာလို့ TaeMin က သူ့ကိုတစ်ချက်ကြည့်လိုက်သည်။

"ပထမဆုံးပဲ ... "

အဆက်အစပ်မရှိပဲ ပြောလိုက်တဲ့ Taemin ရဲ့စကားကို JongIn နားမလည် ...

"ဒီလိုမျိုးခံစားရတာ ကျွန်တော့်ဘဝမှာ ပထမဆုံးပဲ ...
အတူတူရှိနေရလို့ ပျော်နေပေမယ့် တစ်ချိန်တည်းမှာပဲ
အတူတူမရှိနိုင်တော့ဘူးဆိုတဲ့ အတွေးက ဝင်လာတော့
ဒီထဲက နာကျင်လာတယ် "

Once Upon A Time[Z×U]Where stories live. Discover now