အခန်းဆက်(၁) / အခန်း[၁]အနက်ရောင်ကျောက်ကျင့်စဉ်ထွက်ပေါ်လာခဲ့ပြီ

272 16 0
                                        

Unicode:

အခန်းဆက်(၁)
/အမှောင်လောကပြဿနာများ/
တွင်စတင်

☯️ ☯️ ☯️

"သမန်းကျားသစ်နက်မျိုးနွယ်စုအန္တရာယ်"
အပိုင်း//၁-၁//{အနက်ရောင်ကျောက်ကျင့်စဉ်ထွက်ပေါ်လာခဲ့ပြီ}

〰️〰️〰️〰️〰️〰️〰️〰️〰〰〰〰〰〰

ဘီစီ ၂၀၀၀ရာစု၌ဖြစ်သည်။ဂျိုဆွန်းတည်ရှိရာရပ်ဝန်း၏ အတော်အတန်ဝေးလံခေါင်ဖျားသောနေရာတွင်တည်ရှိသော သစ်ပင်များထူထပ်ရာတောအုပ်တစ်ခု၌ ဖြစ်သည်။ တိမ်မြုပ်ပြီး သီးသန့်ဖြစ်တည်ရာကမ္ဘာတစ်ခုဖြစ်သော ဟိုဂျူးတောအုပ်။

ထိုတောအုပ်၏ဖြစ်တည်မှုသည် ပဟေဌိဆန်၏။ ထိုတောအုပ်၏စတင်ရာ‌တောအစပ်တွင် မိုးကောင်းကင်ဟာဆိုရင်ဖြင့် လူ့လောကနှင့်ဆန့်ကျင်စွာ တည်ရှိလေသည်။ ဟိုဂျုးတောအုပ်၏အစပ်တွင် အရောင်ခပ်မှိုင်းမှိုင်းဓာတ်ရှိနေပြီး သူ၏သီးခြားဖြစ်တည်မှုအား ဖော်ပြထားသည်။

ခပ်ကြီးကြီးသစ်ပင်တို့ဖုံးကွယ်ထားရာနေရာကနေ ဆက်ဝင်လိုက်လျှင် အရောင်စုံလင်လှတဲ့ ထူးထူးဆန်းဆန်းသစ်ပင်တွေ၊ သားရဲကောင်တွေကို ‌တွေ့မြင်ရသည်။

ဟိုဂျူးတောအုပ်ရဲ့ အရောင်စုံလင်လှပမှုဟာ လူ့လောကနှင့်မယှဉ်နိုင်‌ပေဘူး။

တောင်တန်းတွေဆန့်တန်းကာရံထားတဲ့ လိမ္မော်ရောင်သန်းနေသောလွင်ပြင်၍ မျိုးနွယ်စုများစွာ စုစည်းနေသည်။

"သတ်...!!!"

အားမာန်ပြည့်ကာ လူသတ်ငွေ့အရှိန်အဝါကြီးနားသောအသံဟာ အမ်ရမ်းလွင်ပြင်ကျယ်ကို တုန်လှုပ်သွားစေ၏။

သို့ပေမဲ့ ထိုအရာက မျိုးနွယ်စုအနည်းငယ်ရဲ့ရှေ့မှာ သီးသန့်ရပ်နေတဲ့ထိုမျိုးနွယ်စုကိုတော့ မသက်ရောက်ပေ။

မျိုးနွယ်စုအနည်းငယ်ထဲက မျိုးနွယ်စုတစ်စုကတော့ မီးနှက်မျိုးနွယ်စုဖြစ်ကာ စောနက အရှိန်အဝါကြီးသောအသံဟာလည်း သူ့ထံကဖြစ်၏။

သွေးနီဖြာသောလျို့ဝှက်ဒဏ္ဍာရီ『𝔻𝔸ℝ𝕂 𝕎𝕆ℝ𝕃𝔻 : 𝔻𝔸ℝ𝕂 𝔽𝕀𝔼ℕ𝔻』Onde histórias criam vida. Descubra agora