အခန်း8(unicode)

5.4K 561 10
                                    

        ကျောင်းမှဝတ်စုံမထုတ်ရသေးသည်မို့ နှစ်သစ်သူ့မှာရှိတဲ့ အသစ်လွင်ဆုံးကျောင်းစိမ်းဝတ်စုံလေးကိုသာထုတ်ဝတ်လိုက်သော်လည်း လူဂုဏ်တန်သူဌေးသားသမီးတွေအများစုသာတက်နိုင်တဲ့ဒီလိုကိုယ်ပိုင်ကျောင်းကြီးထဲမှာတော့နှစ်သစ်၏ တထွန်တပတ်ရစ်လုံချဉ်အစိမ်းလေး နှင့်ဆင်ဆွယ်ရောင်ဘက်ရောက်လုလုအဖြူရောင်ရှပ်ကလေးကတော့မျက်နှာငယ်စွာ ။သို့သော် ထိုဝတ်စုံပေါ်အရမ်းကြီးသောက ရောက်ချိန်မရ။ခွန်မင်းသုအတွက် သူများတွေနဲ့တန်းတူသစ်လွင်နေသောကျောင်းဝတ်စုံလေးတစ်စုံရဖို့အရေး မနေ့ညကမီးပူတိုက်ပြီးသားဝတ်စုံခေါက်လေးကို ဘယ်ပြန်ညာပြန်ဖြန့်ကြည့်ရင်းအလုပ်ရှုပ်နေသည် ။ ပြီးမှ စိတ်ကျေနပ်မှုရသွားထင် ဝတ်စုံလေးကိုဘေးသို့ချကာ မြင်းခေါင်းတံဆိပ်ပေါင်ဒါမှုန့်ဘူးကြီးကို ဆွဲယူလိုက်သည်။

"လာခွန်လေး လက်မြှောက်"

ခွန်မင်းသုသည် ‌စောင်တပတ်ကြီးခြုံ၍ငုတ်တုပ်လေးထိုင်နေရာမှ ထိုတပတ်ကြီးကိုဖယ်ချပြီး မတ်တပ်လေးထကာလက်မြှောက်ပေးသည်။ နှစ်သစ်လည်း ချဉ်ပဝါပိုင်းစလေးပေါ် မြင်းခေါင်းတံဆိပ်ပေါင်ဒါဘူးထဲမှ ပေါင်ဒါမှုန့်များကိုပေါက်ချပြီး မြှောက်‌ပေးထားသည်ခွန်မင်းသု၏ ချိုင်းကြားလေးတွေထဲသိပ်ပေးလိုက်သည် ။ထိုအခါ တွန့်လိမ့်လာသော ကိုယ်လေးကိုလည်း ထိန်းကိုင်ပေးရသေးသည်။

"ခိခိဟားဟား ကိုနှစ် ယားတယ်။ မြန်မြန်သိပ်ပေးပါ "

"ကဲကိုယ်တော်ချောလေးငြိမ်ငြိမ်နေ ဒီမယ်ငါ့ပုဆိုးပေါ်ဖိတ်ကုန်ပြီ ။အတန်းထဲမှာ အရမ်းမဆော့နဲ့နော် ။ကိုနှစ်လိုအပ်တဲ့ဖတ်စာအုပ်တွေထုတ်ရဦးမှာမို့ ဒီနေ့တော့ခွန်လေးတစ်ယောက်တည်းဘဲ သွားလိုက်တော့နော် ဖြစ်တယ်မို့လား"

"ဟုတ် ကျွန်တော်သွားတက်ပါတယ်ဗျ"

နှစ်သစ်ဝတ်ပေးနေသည့်ကျောင်းဝတ်စုံလေးနှင့်ဆီအနည်းငယ်ဖြင့်သေသပ်နေသောဆံပင်ကခွန်မင်းသုနှင့်အလွန်ပနံရလှသည် ။ နှစ်သစ်ကိုယ်တိုင်လူးပေးထားသော ပါးပေါ်မှပြေပြစ်ညီညာသည့် လေးတောင့်သနပ်ခါးပါးကွက်လေးနှစ်ခုသည် ခွန်မင်းသု၏ချစ်ဖို့ကောင်းသည့်သွင်ပြင်လေးကိုပံ့ပိုးပေးသေးသည် ။

တော်မဝင်ပါ...သို့သော်...[Completed,ZG&UNi]Where stories live. Discover now