Zawgyi Ver...

5.4K 247 43
                                    

ဖြစ်တည်လာတဲ့ ကျွန်တော့်မာန
ရက်စက်လှတဲ့ ကျွန်တော့်မာန
မျက်ကန်းနေတဲ့ ကျွန်တော့်မာန
ကျွန်တော်သေသွားသည်ထိ
လိုက်ကပ်နေမဲ့ မာန
ကောင်းကျိုးမပေးတဲ့ မာန
သူ့ကြောင့် ကျွန်တော် နှလုံးသား ရှင်နေလျက်နဲ့ သေခဲ့ရလေသလား အားလုံးက
သူ့ကြောင့်လား*****

I'm the Lucky one~~~~~~
မြည်လာတဲ့ ဖုန်းသံကြောင့် ရေချိုးခန်းထဲကနေ Xiao Zhanထွက်လာလေသည်
သူတွေ့လိုက်တဲ့ ဖုန်းနံပါတ်ကြောင့်
အရင်လို ပြုံးပျော်ပြီး ဖုန်းကိုင်မဲ့အစား
ဒေါသဖြစ်လာကာ

'Hello! ဘာလဲပြော'
''​ကိုကိုဆီ ဆက်ချင်တာ
အကြောင်းရှိရတာလား''
'ဟာ စောစောစီးစီး ဘာမေးတာလဲ '
''မဟုတ်ပါဘူး​ကိုကိုဟို ဒီနေ့​ကော
လာ လာကြိုမယ်မလားဟင်''
'လာကြိုရအောင် ငါကမင်းရဲ့ အစေခံလား'
''မ မဟုတ်ပါဘူး​ကိုကိုကျွန်တော် ~~~~"
'ဟာ တော်ပြီ ငါရေချိုးရမယ် နောက်မှ
ပြောမယ်'

Xiao Zhan ကိုယ့်လိုရာပြောပြီး ဖုန်းချက်ချင်းချလေသည်
တစ်ဖက်လည်း ဖုန်းချက်ချင်းကျသွားတဲ့ အသံကြောင့် ယောက်ျားလေးဆိုပေမဲ့ ဝိုင်းစက်နေတဲ့ မျက်ဝန်းတွေထဲက မျက်ရည်စက်တွေ ခိုအောင်းလာလေပြီး အပြင်​ဘက်​ကို
လျံထွက်လာလေသည်

သူအရင်လို ဂရုမစိုက်တော့ဘူး သူအရင်လို လုံးဝမဟုတ်တော့ဘူး သူမဟုတ်တော့ဘူး ဟာ Yibo အဲ့လိုမတွေးရဘူး ချစ်တယ်ဆိုတာ ချစ်ဖို့ပဲလိုတာလေ သူ့ဘက်ဘာတုန့်ပြန်မှုမှ
မမျှော်လင့်ပါနဲ့

Yiboကိုယ့်အတွေးနဲ့ကိုယ် ကျောင်းတော်တို့
လမ်းလျှောက်သွားလိုက်လေသည်

ကျောင်းဆင်းချိန်ရောက်တော့
Xiao Zhanကုမ္မဏီမှာ အလုပ်လုပ်နေတုန်း
ဖုန်းဝင်လာတော့

'ဟာကွာ လာပြန်ပြီ ဒီဖုန်း'
'Hello! ပြောကွာ'

မာကြော ခက်ထန်လွန်းတဲ့ ဖုန်းကိုင်သံက Yiboရဲ့ နှလုံးသားကို သံမှိုရိုက်ထဲ့ခံရသလို
စူးနှင့်သွားတဲ့ ခံစားချက်

''He He~llo​ကို ကိုကို"
'ထစ်ထစ် ငေါ့ငေါ့ နဲ့ကွာ ဘာလဲ'
''ဒီနေ့ လာကြိုမလားဟင်''
'No No ငါမအား ဘူး ကိုယ့်အိမ်ကိုယ်ဘာသာ
ပြန် ငါဘယ်နှစ်ခါပြောရမလဲ ငါကမင်းရဲ့အစေခံမဟုတ်ဘူးလို့'
''မ မဟုတ်ပါဘူး​ကော ကျွန်တော် အိမ်ပြန်တော့ မလို့​ကိုကို ကို ဆက်ပြောတာပါ'
''မင်းပြန်ချင်ပြန်ပေါ့ ငါ့ကိစ္စလား ဒါပဲ''

The counter-effect of pride (( "မာန" ရဲ့ တန်​ပြန်​))(ZSWW ver)Where stories live. Discover now