part 9
1.7K 109 5
Zawgyi
ဟန်ကွမ်းကျွင်း နန်းတော်ကို ပြန်ရောက်တော့ ဘုရင်မရှိ၍ ပွက်လောရိုက်နေတဲ့ ညီလာခံကို
ပြုံးပျော်နေတဲ့ အမတ်ကြီးချုပ်နဲ့ အမတ်တချို့ရဲ့ မျက်နှာ။
"မင်းကြီး ကြွချီလာပါပြီ"
ထိုအသံကြားတော့ ဖြစ်သွားတဲ့ အမတ်ချုပ်ရဲ့ မျက်နှာ ။
ဟန်ကွမ်းကျွင်း ခပ်တည်တည်ပင် ပလ္လင်ပေါ် ကို တက်သွားလိုက်ပြီး
"အားလုံးပဲ ကိုယ်တော် အိပ်ရာထ​​နောက်ကျသွားတယ်။ကိုယ်တော် အိပ်မရအောင် အနှောက်အယှက်ပေးတဲ့  ကြွက်တ စ်ကောင်ရှိနေလို့။ အမတ်ချုပ်ကြီး ရော ညက ကောင်းကောင်းမွန်မွန် အိပ်ပျော်ပါရဲ့လား"
"အရှင့်ရဲ့ မေတ္တာကြောင့် အေးအေးချမ်းချမ်းအိပ်ရကြောင်းပါ"
ပြုံးမလိုလိုနဲ့ မဲ့ရှုံ့နေတဲ့ အမတ်ချုပ်ကြီးရဲ့ မျက်နှာ။
ဟန်ကွမ်းကျွင်းမဲ့ပြုံးတစ်ချက်ပြုံးမိလိုက်သည်။
"ကဲ...အမတ်ဝူ နယ်စပ်အခြေအနေလေး တင်ပြပါအုံး"
"အရှင်မင်းကြီး...ဝမ်တွေက နယ်စပ်ကို စတင်ကျူးကျော်လာတယ် အရှင် ။တပ်မှူး ရှင်းကို နယ်စပ်အရေးအခင်းအတွက် ဖြေရှင်းဖို့စေလွှတ်ထားပါတယ် အရှင်"
အမတ်ချုပ်ကြီးက အရှင့်ကို မထိမဲ့မြင် မျက်နှာထားနဲ့မို့အမတ်ဝူတကယ်အမြင်ကပ်မိသည်။
အမတ်ချုပ်ရဲ့ အင်အားက ကြီးလွန်းနေသည်။
အရှင့်ကလည်း သိနေပေမဲ့ ဖယ်ရှားဖို့မလွယ်ဘူး။
မိမိကတော့ အရှင့်ကို အသက်​သေသည်အထိ သစ္စာရှိမည်။
အရှင်က တကယ့်ကို မြင့်မြတ်တဲ့ မင်းတစ်ပါး။
ထီးနန်းနဲ့ အထိုက်တန်ဆုံးသူပါပဲ။
အမတ်ချုပ်ကြီးက သူကြိုးဆွဲရာကမယ့် ရုပ်သေးရုပ်ဘုရင်ကို လိုချင်သည်။
အရှင်က ထက်မြတ်လွန်းနေတော့ သူ့ကြိုးဆွဲရာကမယ့်အရုပ်ဖြစ်လာမှာမဟုတ် ။
ဒါ့​ကြောင့် ဝမ်တေနဲ့ ပူပေါင်းပြီး တိုင်ပြည်ကို ဒုက္ခပေးဖို့ကြိုးစားနေတာ။