.. ၁ ..
41.9K 2.5K 24
《Zawgyi》
အပိုင်း - ၁ [ နာမည်တူ - ၁ ]
ချင်းစုယွဲ့ဟာ သူမရဲ့ မောပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်နှင့် ပန်းရောင်လက်ဂေ့ရှ်အိတ်ကြီးကို ဆွဲထုတ်ပြီး ဓာတ်လှေကားထဲမှ တရွတ်ဆွဲကာ ထွက်လာလိုက်သည်။ သူမ အသွင်အပြင်မှာ သိသိသာသာကိုပဲ မျက်တွင်းဟောက်ပက်နှင့် နွမ်းနယ်နေလေ၏။
သူမမှာ တစ်လနီးပါး အလုပ်ကိစ္စ ခရီးထွက်နေခဲ့ရပြီး နေ့ရောညပါ ကောင်းကောင်းကို မအိပ်နိုင်ခဲ့ပေ။ မခံရပ်နိုင်ဆုံးကတော့ ဗိုက်ပူ စီအီးအိုရဲ့ မဖော်ပြနိုင်လောက်အောင် စက်ဆုပ် ဆိုးဝါးမှုပင် ဖြစ်လေသည်။ ညတိုင်း သူမရဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေနှင့် ဆက်ဆံရေးကောင်းမွန်ရန်အတွက် သူမမှာ ကြိုးစား တည်ဆောက်ရသည်။ ဒါပေမယ့် သူမခန္ဓာကိုယ်အား အသုံးပြုဖို့ ငြင်းဆန်ခဲ့သည့်အတွက် လှောင်ပြောင်ရယ်မောခံရပြီး တစ်ကြိမ်မှာတော့ ဘေးသို့ တွန်းပို့ခံလိုက်ရ၏။ သူမ မမူးသေးခင်မှာဘဲ ထိုလူက လှပတဲ့မိန်းမတစ်ယောက်ကို သူ့ဘေးမှာသောက်စေဖို့ ပိုလိုလားတယ်လို့ ပြောခဲ့သည်။
ဒီအချက်ကြောင့် ဟိုးငယ်ငယ်ထဲကပင် ဝိုင်ကို ရှားရှားပါးပါး သောက်ခဲလှသည့် ချင်းစုယွဲ့ဟာ အံကိုတင်းတင်းကြိတ်ကာ ထိုမုန်းတီးစက်ဆုပ်ဖွယ်ရာ မျက်နှာတွေကို ပြုံးပြဖို့အတွက် အားတင်းလိုက်သည်။ အော်ဂလီဆန်စရာ ခံစားချက်ကြီး ကုန်ဆုံးသွားသည်အထိ ဝိုင်တစ်ခွက်အား တွန့်ဆုတ်စွာဖြင့် မျိုချလိုက်ရပေသည်။
သူမ၏ မျက်ဝန်းတွေမှာ နီရဲလာပြီး ဟိုတယ်ခန်းထဲရှိ သန့်စင်ခန်းတွင် အော့အန်တော့သည်။ ထိုညစ်ပတ်ရိုင်းစိုင်းတဲ့ တိရိစ္ဆာန်ကောင်တွေမှာ စားသောက်ဆိုင်ရဲ့ မီးရောင်မှိန်မှိန်ကို အခွင့်အရေးယူကာ သူမရဲ့ပေါင်တွေအား ထိကိုင်ခဲ့သည်ကို ပြန်စဉ်းစားရင်း ထိုကောင်တွေ၏
မျိုးဆက်ဆယ့်ရှစ်ဆက်ထိကို အကြိမ်ရေ ထောင်ပေါင်များစွာ ကျိန်ဆိုချင်မိသည်။
ဟမ့်! ဒီအမျိုးသမီး ပြန်ပြီး နာလန်ထူနိုင်ခဲ့ရင် သူတို့ကိုယ်တိုင်သေသွားဖို့ကို ဆန္ဒရှိတဲ့အထိ သေချာဖန်တီးပေးမယ်..