~24~

1.1K 70 0
                                    

"သူက Double Y Ent ဉက္ကဌ..။နာမည်​က ရဲရင့်​တဲ့..."

"ဗျာ...!!"

စေ အ​ခြေအ​နေကို သဘော​ပေါက်​လိုက်​ပြီ..။ ထို့​ကြောင့်​ ရှည်​ရှည်​ဝေး​ဝေး​တွေး​တောမ​နေ​တော့ပဲ မြန်​မြန်​စကားဖြတ်​ကာ နှုတ်​ဆက်​ထွက်​ခွာခဲ့လိုက်​သည်​..။ ဦးတည်​ရာသည်ကား .. ရဲရင့်​ဆီသို့....

"မဖြစ်​ပါဘူးရှင့်​...။ အကို​လေး.. ဝင်​သွားလို့မရပါဘူးရှင့်​..။ တကယ်​မရတာပါရှင့်​...။တောင်းပန်​ပါတယ်​ရှင့်​...။ ဝင်​လို့မရပါဘူးရှင့်​.."

*ဒုန်း...*

တားမြစ်​သံများ ..၊ တံခါးကို​ ဆောင့်​တွန်းကာ ဖွင့်​လိုက်​သံများ အပြီး​တွေ့လိုက်​ရသည်​ကား စေ...။

~~ ထင်​သားပဲ.. မင်း​ရောက်​လာ​တော့မယ်​ဆိုတာ...။ အခုမှပဲ ကိုယ်​ရှိတဲ့​နေရာကို ဆိုက်​ဆိုက်​မြိုက်​မြိုက်​ရောက်​လာ​တော့တယ်​နော်​...

ဒီလိုသာဆိုရင်​ မင်းကိုယ့်​ဆီလာဖို့ လွမ်းပုံရိပ်​ကိုပဲ ဒုက္ခ​တွေဆက်​ပေးရမလိုဖြစ်​နေပါလား...~~

"​တောင်းပန်​ပါတယ်​.. အကိုရဲ..။ ညီမ တားပါ​သေးတယ်​.."

"ရပါပြီ ညီမ..။ ထားခဲ့လို့ရပါတယ်​..."

ကျွန်​တော် အတွင်း​ရေမှူးမ​လေးကို​ ​ထွက်သွားစေလိုက်​တော့ ပြန်​လည်​ထွက်​သွားခဲ့သည်​..။စေ တစ်​ယောက်​မှာမူ မျက်​လုံးများက မီးဝင်းဝင်း​တောက်​လျက်​...

~~ ​စေ.. မင်းရဲ့​ဒေါသ​တွေက ကိုယ့်​ကို ပူ​လောင်​စေတာမှန်​ပါတယ်​..။ ဒါ​ပေမယ့်​.. အဲ့​ဒေါသ​တွေက ကိုယ့်​အတွက်​တဲ့လား..

ကိုယ်​သိပ်​ချစ်​ရတဲ့မင်း ... ။ ကိုယ်​ပိုင်​ဆိုင်​ခွင့်​မရလိုက်​တဲ့ မင်းအချစ်​တွေကို သိမ်းပိုက်​သွားတဲ့သူကို ထိလိုက် မိ​လို့ ရရှိလာတဲ့​ဒေါသ​တွေတဲ့လား...။ အဲ့ဒီအချက်​က ကိုယ့်​ကို ပိုပြီး ပူ​လောင်​စေတယ်​ စေ...~~

သို့ပါ​သော်​လည်း ခံစားချက်​ပေါင်းစုံကိုမြိုသိပ်​လျက်​မျက်​နှာထားကို တည်​ကာ..​အေး​အေးလူလူ​နေလိုက်​မိ​တော့ စတင်​ပေါက်​ကွဲလာ​သော​စေ...

"စေ" (SEASON-1) {Unicode}+{Zawgyi}Where stories live. Discover now