ကံကြမ္မာဖန်လာသည်က

5.4K 431 0
                                    


ရှောင်းကျန့်အတွက်အလုပ်တစ်ခုက အလိုလိုပိုလာသည်။အဲ့ဒါကတော့ သူ့ရဲ့၁၃နှစ်သားလေးကို အလုပ်သွားတဲ့မနက်တိုင်းလိုလို စောင့်ကြည့်နေရတဲ့အလုပ်ပဲ။အခုလည်း အဲ့ကလေးနဲ့တွေ့တဲ့ လမ်းလေးကိုရောက်နေရင်းမျက်စိကအလိုလို ရှာနေပြီးသားပဲ။

သိပ်တော့မရှာလိုက်ရဘူး။တွေ့ပါပြီ ကလေးလေးကို။အဲ့ကလေးက ဒီနေ့တော့ စာအုပ်လေးဖတ်လို့ ငြိမ်ငြိမ်လေးထိုင်နေတယ်။

"ဟေး...ကလေး၊ဘာတွေဖတ်နေတာလဲ "

ရှောင်းကျန့်ကို ကြည့်လိုက်တဲ့မျက်ဝန်းညိုလေးတွေ။ ရှောင်းကျန့် ဝဲဘက်ရင်အုံက ထိတ်ခနဲ။

" ကောကောကိုး...၊ဒီအတိုင်းပုံပြင်လေးတွေဖတ်နေတာလေ၊ ဟီး..."

ကလေးလေးက ရှောင်းကျန့်ကို ရယ်ပြရင်းပြောလာတယ်။စာအုပ်အဖူံးကို ကြည့်မိတော့
ပေါ်လီယာနာ စာအုပ်လေး...။ပြီးတော့ ကလေးလေးက ဆက်ပြောပြန်တယ်။

"ကော နာမည်ဘယ်လိုခေါ်လဲ "တဲ့လေ။

ရှောင်းကျန့် ပြုံးလိုက်တော့ ညာဘက်ပါးပြင်က ပါးချိုင့်လေးက ရေးရေးလေးပေါ်လာတယ်။

" ကလေးက ၊ကောရဲ့နာမည်ကိုသိချင်လို့လား "

ရှောင်းကျန့်မေးလိုက်တော့ ကလေးလေးက ခေါင်းညိမ့်ပြတယ်။

" ကောရဲ့နာမည်က ရှောင်းကျန့်တဲ့၊ကလေးခေါ်ချင်ရင်တော့ ကျန့်ကောကောလို့ခေါ်ရမယ် "

" ချစ်စရာလေး...၊ကောရဲ့နာမည်ကချစ်စရာလေးနော်"
ရှောင်းကျန့် ကလေးတစ်ယောက်ဆီကနေ ချစ်စရာလေးလို့ အပြောခံရတော့ ရယ်မိပြန်တယ်။ဒီကလေးကတော့လေ...နာမည်ကိုတောင် ချစ်စရာလေးတဲ့လေ။

" ဒါနဲ့ ကလေးရဲ့နာမည်ကရော..."

" ရိပေါ်...ဝမ်ရိပေါ်လို့ခေါ်တယ်၊ပြီးတော့ သားကဒီနားလေးမှာ နေတာလေ"

ခေါင်းလေး တညိမ့်ညိမ့်နဲ့လူကြီးလေးလိုပြောနေတဲ့ ကလေးလေးကို ရှောင်းကျန့်အသည်းတွေယားမိတယ်။နဂိုကလည်း ကလေးချစ်တတ်တဲ့ သူကိုး။

"အင်း...ကောက ဒီတစ်လမ်းကျော်ကလေ၊အရင်က ကလေးကို မတွေ့မိဘူးနော်၊အခုမှပြောင်းလာတာလား"

622Where stories live. Discover now