Part-14 ဦးရီးတော်ကျန်း ဆူတော့မှာပဲ

10.5K 571 30
                                    

(Zawgyi)

၁လခန့်ကြာသော်..

"တစ်ကောင်မှမလွတ်စေနဲ့ ! အကုန်သတ်!"

ဂျင်းလင် ဦးရီးတော်ခွင့်ပြုချက်ဖြင့်ညခင်းအမဲလိုက်နေခြင်းသာ..။

"အငြိုးအတေးတွေများလိုက်ကြတာ.."

"တစ်ယောက်ယောက် သချိုင်းဖောက်တာထင်တယ်"

"အခုတလော လောဘတတ်ပြီး သချိုင်းဖောက်တာတွေများလာတယ်"

"အဲ့တော့ ငါတို့လိုကျင့်ကြံသူတွေက အလုပ်ရှုပ်တာပေါ့ကွ"

အတော်အများသုတ်သင်ပြီးနောက် တောတစ်နေရာမှာခဏနားတော့ ဂျင်းလင်နှင့်အတူပါလာတဲ့ ဂျင်းဂိုဏ်းသားအချို့ကအထင်များစတင်ပြောကြတော့သည်..။

ဂျင်းလင်ကတော့ ဘာသိဘာသာပင် ခပ်ဝေးဝေးပင်ရွှေ့ထိုင်လိုက်သေးသည်ပင်..။

ခဏကြာတော့ခပ်လှမ်းလှမ်းမှခြေသံများကို ဂျင်းလင်သတိထားမိလိုက်သည်..သို့သော် စကားသံများကြောင့် အာရုံစိုက်မရ..။

"ပါးစပ် ပိတ်ထားကြစမ်း!ပြီးတော့သတိထားကြ!"

ဂျင်းလင် ဟောက်လိုက်တော့ အနောက်ကလူအုပ်ကြီး တိတ်သွားကာ ဓားများအသင့်ပြင်လိုက်သည်..။

သို့သော် လူအုပ်ကြီးတိတ်သွားသလို ခုနခြေသံများလည်း တိတ်သွားတော့သည်..။ဂျင်းလင်မသင်္ကာတော့..။

ဂျင်းလင် သတိထားကာ ရှေ့ကိုပိုတိုးတော့ ချုံပင်များနောက်မှ မည်းမည်းအရိပ်ကြီးတစ်ခု..။သို့သော် ဂျင်းလင် အန္တရာယ်အငွေ့အသက်မရမိ၍ ပို၍ပို၍သာ ကပ်သွားမိသည်..။

"ဂိုဏ်းချုပ်..သတိထား.."

အနောက်က ဂိုဏ်းသားများကသတိပေးနေသော်လည်း ဂျင်းလင် အနားကပ်သွားမှုကတော့လျော့သွား..မြင်နေရသည်ကအမည်းရောင် ဖွာနေသောဆံပင်တို့နှင့်နောက်ကျောပေးထားသောလူတစ်ယောက်..ဂျင်းလင်ကို သတိထားမိဟန်မတူ..ရင်းနှီးနေသော အရပ်နင့် ပုံသဏ္ဍာန်..ဂျင်းလင်မရဲတရဲမေးလိုက်တော့သည်.။

"သရဲစစ်သူကြီး လား?"

ထိုမည်းမည်းအရိပ်ကပြန်လှည့်ကြည့်လာတော့မှ ဂျင်းလင်သက်ပြင်းချက ဓားကိုဓားအိမ်ထဲပြန်ထည့်လိုက်သည်..။

Uncle Jiang will Scold us!Where stories live. Discover now