.. ၄ ..
24.6K 2.3K 2
《Zawgyi》
အပိုင်း - ၄ [သံသယများ!!]
ချင်းစုယွဲ့တစ်ယောက် အသေအလဲ စဉ်းစားကြည့်လိုက်တော့ ...'ဇာတ်လိုက်နဲ့ ဇာတ်လိုက်မ နေတာ ဘာမြို့ပါလိမ့်? ရှန်_ ပြီးတော့ ဘာကြီး?' သူမ မှတ်မိတာကတော့ စာရေးသူက ဇာတ်လိုက်မကို ဘယ်လောက်တောင် သဘောကျသလဲဆို ထိုမြို့နာမည်ရဲ့ ပထမစာလုံးက ဇာတ်လိုက်မရဲ့ မျိုးရိုးနာမည်နဲ့တောင် တူနေသေး...
'ဟုတ်တယ် အဲ့တာ!'
ချင်းစုယွဲ့က အလောတကြီးဖြင့် .."ဒါက ရှန်ကျင်းမြို့လား?"
ချင်းကွမ်ချန်းဟာ ခဏလောက် ဂရုတစိုက် စူးစမ်းကြည့်မိတော့ သူမရဲ့ မျက်ဝန်းတွေဟာ စူးစမ်းသိရှိလိုစိတ်တွေနှင့် ကြည်လင်နေတာကို တွေ့လိုက်ရသည်။ ကြည့်ရတာ စနောက်နေတဲ့ပုံနှင့် မတူသောကြောင့် သူ ခေါင်းသာညိတ်ပြလိုက်မိ၏။
ချင်းစုယွဲ့မှာ ကူရာမဲ့သော ကြောက်လန့်မှုအား ခံစားလိုက်ရသဖြင့် မျက်ဝန်းတွေအား မတတ်သာတော့ပဲ မှိတ်ပစ်လိုက်ရသည်။ တကယ်ကြီး .. တကယ်ကြီးကို ! ငါက ဝတ္ထုထဲရောက်လာတယ်.. အဲ့တာက အရမ်းအရမ်းကို ဝမ်းနည်းဖို့ကောင်းတဲ့ အဆုံးသတ်မျိုးနဲ့ တန်းတန်းမတ်မတ် ဇာတ်သိမ်းရမယ့် ဗီလိန်ဇာတ်ကောင်နေရာမှာ !
စုယွဲ့ဟာ အခုချိန်ဟာ ဝတ္ထုရဲ့ဇာတ်ကြောင်း ဘယ်ကိုရောက်နေပြီလဲလို့ စူးစမ်းချင်လာမိကာ သူမအစ်ကိုအား ... "ညီမလေးက အခု အသက်ဘယ်လောက်ရှိပြီလဲ?" ချင်းကွမ်းချန်တစ်ယောက် မျက်ခုံးပင့်လိုက်ကာ .. "ညီမလေး တစ်ကယ်ကို မမှတ်မိတော့တာလား?" ချင်းစုယွဲ့ ခေါင်းညိတ်လိုက်မိပေမယ့် ချက်ချင်းပဲ ခေါင်းပြန်ခါမိပြန်သည်။ သူမအစ်ကိုမှာတော့ စိတ်မရှည်စွာဖြင့် .. "အဲ့လို ခေါင်းညိတ်ပြီး ခေါင်းခါတာက ဘာကိုပြောချင်ရပြန်တာတုန်း?"
"နာမည်နဲ့ တစ်ခြား မတိကျတဲ့ အချက်အလက် ရေးတေးတေးလောက်ကိုပဲ ပြန်စဉ်းစားလို့ရတော့တယ် ... ဥပမာ ညီမလေးက ချင်းမိသားစုရဲ့သမီး ... ဒါက ရှန်ကျင်းမြို့ဆိုတာလည်း သိတယ် ... နောက်ပြီးတော့ ..." ချင်းစုယွဲ့ဟာ ဝတ္ထုထဲက ဗီလိန်ဇာတ်ကောင်ရဲ့ အကြောင်းကို နည်းနည်းအာရုံစိုက် တွေးကြည့်ပြီးတော့ ရရှိလာတဲ့ နောက်ထပ် အချက်နည်းနည်းလောက်ကို ပြောချင်ပေမယ့် အခုချိန်မှာ သူမရဲ့ လက်ရှိအခြေအနေနှင့် မသင်္ကာစရာ အဖြစ်တွေကို နှိုးဆွမိလိုက်သလိုဖြစ်မှာ မလိုလားပေ။ ဒါကြောင့်မို့ ခေါင်းစဉ်ပြန်ပြောင်းလိုက်ကာ .. "အဲ့တာတွေပဲ မှတ်မိတော့တယ် .. ကျန်တာတွေတော့ စဉ်းစားလို့မရတော့ဘူးး "