.. ၆ ..
23.3K 2.3K 9
《Zawgyi》
အပိုင်း - ၆
[အရှိကို အရှိအတိုင်း လက်ခံခြင်း]
ချင်းစုယွဲ့တစ်ယောက်မှာမူကား သူမရဲ့ 'အတိတ်မေ့'ဟန်ဆောင်ခြင်းအား အဆုံးထိ ဆက်သွားရန်အတွက် စိတ်ကို ပြင်ဆင်ထားကာ သူမရဲ့ မာမားအား တည်တည်ငြိမ်ငြိမ် နှစ်သိမ့်တော့သည် .. " မာမားကလည်း... တစ်ကယ်လို့ သမီး အတိတ်မေ့သွားရင်တောင်မှ သေချာပေါက် ဆိုးရွားတဲ့ ကိစ္စကြီးတော့ မဟုတ်ဘူးလေ .. သမီးအခု ကျန်းမာရေးလည်း ကောင်းနေတာပဲ ဟုတ်ဖူးလား? ဒီလို ငြိမ်းငြိမ်းချမ်းချမ်း လုံလုံခြုံခြုံ နေရတာထက်ကောင်းတာ ဘာရှိဦးမှာလဲ? မာမားက သမီးကို ဟိုးအတိတ်တုန်းက အကြောင်းတွေ များများပြောပေးပေါ့ .. နောက်နည်းနည်းလောက် အချိန်ယူလိုက်ရင် သမီးအကုန်လုံးကို ပြန်မှတ်မိချင်လဲ မှတ်မိသွားမှာ ... တကယ်လို့ သမီး ပြန်မမှတ်မိနိုင်တော့ရင်လည်း ဘာမှမဖြစ်ပါဘူး .. ဒါကြောင့် မားမား ဝမ်းမနည်းနဲ့တော့နော် .. သမီး အဆင်ပြေပါတယ်"
မာမားချင်း၏ မျက်ဝန်းတွေဝယ် သူမသမီးလေးရဲ့ နှစ်သိမ့်ဖြောင့်ဖြတဲ့ စကားလုံးတွေကို ကြားလိုက်ရတဲ့အခါ မယုံနိုင်စရာ ထိတ်လန့်တုန်လှုပ်တဲ့ အရိပ်ယောင်တွေ တဖြည်းဖြည်း ထင်ဟပ်လို့လာလေသည်။ သူမ သမီးလေးက ဆူပူအော်ဟစ်နေရမယ့်အစား ဘယ်တုန်းကများ ရိုရိုသေသေ နာနာခံခံနဲ့ နှစ်သိမ့်ပေးတတ်သွားရတာတုန်း? ကြည့်ရတာ သူမသမီးလေး လှေကားပေါ်က ပြုတ်ကျပြီးတဲ့နောက် ပိုပြီး စဉ်းစားတွေးခေါ်တတ်လာတာလို့ပဲ ဖြေသိမ့်လိုက်ရတော့သည်။ ကောင်းပြီလေ ..  ကျန်းကျန်းမာမာ လုံလုံခြုံခြုံ ရှိနေတာပဲ.. အဲ့တာဆို တခြား ဘာကမှ အရေးမကြီးတော့ဘူး..
မာမားချင်းရဲ့ မျက်နှာထက်က မရေရာမှုများမှာ ရှင်းလင်းလို့သွားလေတာကြောင့် ချင်းစုယွဲ့လည်း စိတ်သက်သာရာရပြီး သက်ပြင်းအသာချနိုင်တော့သည်။
"ဟုတ်ပြီ​ ဂွတ်တယ်ဟေ့! ငါ ဒါကြီးကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်သွားဘီကွ!!" တစ်ကယ်လို့ အနာဂတ်မှာ ဆိုးဝါးပြီး ကံမကောင်းတဲ့ အခြေအနေက စောင့်နေလျှင်တောင်မှ လူတိုင်းက သူမ မှတ်ဥာဏ်တွေ ပျောက်ဆုံးသွားခဲ့သည်ဟု သိကြတော့မည်။ ဒီနည်းနဲ့ပဲ သူမရဲ့ ဆိုးသွမ်းခဲ့တဲ့အတိတ်တွေအား ဘယ်သူကမှ အပြစ်တင်ကြတော့မှာ မဟုတ်ပေ။