Be Your Side

453 35 9
                                    


"ဟယ်လို ငါက HueningKaiပါ
ကူညီပေးကြပါအုံး"

အတန်းထဲသို့ ပြောင်းလာသည့်
foreigner ကောင်လေးကြောင့်
အတန်းထဲက မိန်းကလေးများအသံက
ကျယ်လောင်စွာ ပေါ်ထွက်လာသည်။
အရပ်မြင့်မြင့် အပြုံးချိုချိုနှင့်
အနှီကောင်လေးမှာ မိန်းကလေးများ၏
အသည်းနှလုံးကို ခနတွင်းချင်း အပိုင်ရယူနိုင်သည်။
သူတို့နှင့် အနည်းငယ်ကွာခြားနေသော
ကောင်လေးကိုကြည့်ရင်း ယောက်ျားလေးများကလည်း တွတ်ထိုးနေကြသည်။

အတန်းရဲ့ နောက်ဆုံးခုံမှာထိုင်နေသော
TaeHyun ကတော့ ထိုကောင်လေးအား
ဂရုမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်ကာ
ဘေးတစ်ဖက်သို့ ပြန်လှည့်သွားသည်။
လွယ်အိတ်ထဲမှ တုတ်ထိုးချိုချဉ်ကို
ထုတ်ကာ အခွံခွာပြီး ပါးစပ်ထဲသို့
ထည့်လိုက်သည်။

"နေရာလဲကြမလား?"

ပြတင်းပေါက်အပြင်ဖက်သို့ ငေးနေခိုက်
သူ့အရှေ့မှ အသံကြားလို့ ကြည့်လိုက်တော့
ကျောင်းသားအသစ်ဖြစ်နေသည်။
သူပြောလိုက်သည့်စကားအား အာရုံမရလိုက်သဖြင့် 'ဘာလဲ' ဟူသော သဘောဖြင့် မေးငေါ့ပြလိုက်သည်။

ထိုကောင်လေးက သူ့အား အပြုံးတစ်ချက်ပေး၍ ပြောလာသည်။

"နေရာလဲကြမလားလို့?"

"ဘာ!"

ချိုချဉ်ငံုထားတာမို့ ဘယ်ဘက်ပါးစောင်းဟာ ဖောင်းဖောင်းလေးဖြစ်နေပြီး
သူပြောလိုက်သည့် 'ဘာ' ဟူသော
စကားဟာလည်း မပီမသ။
စိတ်ပေါက်ပေါက်နှင့် ပါးစပ်ထဲမှ
ချိုချဉ်ကိုထုတ်တာ အနောက်မှာရှိနေသော
အမှိုက်ပုံးအသေးလေးထဲသို့ ပစ်ထည့်လိုက်သည်။
သူ့အရှေ့မှာ ရပ်နေသော အရပ်မြင့်မြင့်
ကောင်လေးအား ပြန်ကြည့်လိုက်တော့
ကောင်လေးဟာ အပြုံးမပျက်။
ဒီလိုလူမျိုး သူမတွေ့ဖူးခဲ့ပါ။

"အကြောင်းပြချက်က?"

"ငါ မင်းအရှေ့မှာထိုင်ရင် အဆင်ပြေပါ့မလားလို့"

ကောင်လေးက စကားပြောနေရင်း
ခနရပ်လိုက်ပြီး ဆက်ပြောလာသည်။

"ဟို မင်း အရှေ့ကိုမမြင်ရမှာစိုးလို့ပါ"

TaeHyunတစ်ယောက် ခေါင်းထဲကနေ
မီးလုံးကြီးတွေထွက်လာတော့မယ့်
အလား ခံစားချက်များ ပြင်းထန်သွားရတော့သည်။ ဒီ‌တစ်ယောက်က ဘယ်လိုတောင်မှ စကားကို စည်းမရှိပြောနေရတာလဲ?

sᴋʏ - sɪᴅᴇ Waar verhalen tot leven komen. Ontdek het nu