《Zawgyi》
အပိုင်း - ၁၁ [ နှုတ်ထွက်ခြင်း]
ချန်းစီနျန်မှာ ထိုငြီးငွေ့စရာကောင်းလှသည့် အခန်းဖော်တွေနှင့် အပြန်အလှန် စကားပြောဖို့ရာ အလွန် ပျင်းရိလို့လာလေသည်။ သူရှာနေတဲ့ စာရွက်စာတမ်းတွေကို ရှာတွေ့ပြီးတဲ့နောက်မှာ လှည့်မေးလိုက်သည် .. " နောက်ကျရင် ကုမ္ပဏီမှာ အလုပ်တွေ များလာတော့မှာ .. အဲဒါမတိုင်ခင် ငါတို့ညစာ အတူတူ သွားစားကြမလား?
ချန်းစီနျန်၏ ကိုယ်ပိုင်တိုက်ခန်းမှာ ဒီအဆောင်ဘေး၌ ရှိသောကြောင့် ကျောင်းမှာသာ ထွေထွေထူးထူး ကိစ္စမရှိလျှင် ဒီကို ပြန်လာခဲလှပေသည်။ ချန်းစီနျန် အလုပ်များတာကို မော့ရွှီယွမ်လည်း သိပေသည်။ ထိုလူမှာ ဖမ်းမိဖို့ခက်ခဲလှကာ တစ်ခါပေါ်လာပြီးလျှင် ပြန်ပျောက်သွားပြန်လေ၏။ ဒါကြောင့် သူ စားဖို့ ဖိတ်ပီးပီးချင်း မော့ရွှီယွမ်မှာ ချက်ချင်းပဲ လက်ကို ဝှေ့ယမ်းလိုက်ပြီး .. "သွားကြစို့ ! ငါတို့ ဒီအနီးနား ပတ်ဝန်းကျင်မှာရှိတဲ့ ဈေးအကြီးဆုံးဆိုင်မှာ သွားစားကြမယ် ! "
***************
ချင်းစုယွဲ့ အဆောင်ကို ပြန်ရောက်တော့ အခန်းထဲတွင် လူတစ်ယောက်သာ ရှိလေသည်။ ကျုံချင်းမှာ ရေချိုးပြီးနောက် မျက်နှာပေါင်းတင်ကာ ထွက်လာလေသည်။ ဒီနေရာမှာ လတစ်ဝက်ခွဲနီးပါးလောက် နေပြီးသည့်နောက်တွင် အခန်းဖော်များမှာ သူမနှင့် ဝေးဝေးတွင်နေကြမည့် သဘောထားအား လက်ကိုင်ထားကြတုန်းပင် ရှိသေးသည်။ ဒါပေမယ့် သူတို့ အချိန်တချို့ အတူတကွ ဖြတ်သန်းပြီသွာသည့်နောက်တွင် တစထက်တစ စကားပြောဖြစ်လာကြသည်။ သူမထင်တာကတော့ ဒါသည်ပင် တော်တော်လေး သင့်မြတ်လှပေသည်။
ဒီအခန်းတွင် ကြင်နာနူးညံ့ပြီး အပူပင်မထားတတ်ဆုံးသူမှာ ကျုံချင်းပင် ဖြစ်လေသည်။ ဒါကြောင့် သူမနှင့် သီးသန့်စကားပြောရတာ ပိုလွယ်ကူအဆင်ပြေသည်။ အခန်းထဲ ဝင်လာတဲ့အချိန်မှာ ချင်းစုယွဲ့ရဲ့ ဝမ်းနည်းနေတဲ့ မျက်နှာအား မြင်တော့ မေးလိုက်သည် .. "ဘာဖြစ်တာလဲ? "
ချင်းစုယွဲ့ဟာ မျက်နှာပေါင်းတင်ထားတဲ့ သူမရဲ့ အခန်းဖော်အား ကြည့်လိုက်ရင်း .. " ကျောင်းအဆိုအက ပြိုင်ပွဲမှာ ငါဝင်မပြိုင်တော့ပဲ နှုတ်ထွက်ဖို့ ဖြစ်နိုင်ပါ့မလား ? " ပြိုင်ပွဲဝင်တွေအဖို့ ပါဝင်ယှဉ်ပြိုင်နေရင်းနှင့် ပြိုင်ပွဲတစ်ဝက်ကျမှ နှုတ်ထွက်ဖို့ကျတော့ ယေဘူယျကျသင့်သည်။
YOU ARE READING
RomanceI DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာတာကို သိသိချင်းမှာပဲ သူမရဲ့ သေဆုံးရမယ့် ကံကြမ္မာဆိုးနှင့် မကြုံတွေ့စေဖို့အတွက် ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ကို ဂ...