.. ၁၃ ..
21.6K 2.3K 3
《Zawgyi》
အပိုင်း - ၁၃ [ ရှက်ရွံ့မှု ]
အခန်းဖော်အား စကားပြောနေသည့် မော့ရွှီယွမ်သည် သူ့နောက်၌ ဆွေးနွေးနေကြသည့် မိန်းကလေးတွေ၏ အသံကို ကြားလိုက်ရသောအခါ ချန်းစီနျန်အား အမှတ်တမဲ့ ကြည့်လိုက်သည်။ ထိုထဲ၌ ချန်းစီနျန်၏ နာမည်အား ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၍ပင်။
ချန်းစီနျန်၏ မသိမသာဖြစ်စေ ပုံမှန်မဟုတ်သည့် တုံ့ပြန်မှုဖြစ်စေ မော့ရွှီယွမ်က မြင်ချင်လှသော်လည်း အနှီလူသားမှာ တည်ငြိမ်အေးဆေးနေလှကာ သူ၏ တူတစ်စုံအား ကောက်ပင် ကောက်ယူနေလိုက်သေးသည်။ မော့ရွှီယွမ်၏ နှလုံးသားထဲတွင် သက်ပြင်းရှိုက်လိုက်မိကာ တွေးမိသည် .. 'ဒီကောင်ကတော့ ကျန်တဲ့အရာအားလုံးထက် လုံးဝကို ထူးခြားတဲ့အဆင့်မှာ ရှိနေတော့တာပဲ !'
သူတွေးနေစဉ်မှာပဲ နူးညံ့ချိုသာသော အသံတစ်သံက သူတို့၏ အကြားအာရုံသို့ ပဲ့တင်ရိုက်ခတ်လာသည် .. "ကျောင်းသားတွေ.. ရှင်တို့လည်း ဒီမှာလာစားနေကြတာလား? .. တိုက်ဆိုင်လိုက်တာ.." ချန်းစီနျန်က တစ်ခွန်းတစ်ပါဒမျှ ပြန်မပြောခဲ့ပေ။
စွန်းမြောင်းမြောင်းမှာ အနည်းငယ် ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။ သူမမှာ တစ်ခါတရံမှသာ ချန်းစီနျန်အား စကားပြောဖို့သတ္တိရှိကာ ယခုလည်း ချင်းစုယွဲ့၏ တည်ရှိမှုအား အငှားယူခဲ့ခြင်း ဖြစ်လေ၏။ ဒီလူသား၏ ချင်းစုယွဲ့အပေါ် သဘောထားမှာ ဒီနေရာမှာရှိနေသော သူများထက် သိသိသာသာပင် ထူးခြားလှသည်။ စွန်းမြောင်းမြောင်း၏ အကြံအစည်မှာ ဤသို့ဖြစ်၏။ အကယ်၍ ချန်းစီနျန်က သူမအား လျစ်လျူပြုခဲ့လျှင်တောင် ချင်းစုယွဲ့မှာ ထိုလူ၏ အာရုံစိုက်ခြင်းခံရဖို့ အခွင့်အရေးအား လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။ ဒီဖြစ်ရပ်သာ တဆက်ထဲ ဖြစ်သွားပါက ချင်းစုယွဲ့ကဲ့သို့သော လူမျိုးသာ အရံသင့်ရှိနေသမျှတော့ စွန်းမြောင်းမြောင်း၏ အဖြစ်မှာ အရမ်းကြီး ဆိုးဝါးသွားလိမ့်မည် မဟုတ်ချေ။
ဒါပေမယ့် ထိုနေရာတွင် စက္ကန့်အနည်းငယ်လောက် ကြာပြီးသည်အထိ မတ်တပ်ရပ်နေသော်လည်း ချင်းစုယွဲ့မှာ မထုံတက်တေး အမူအယာဖြင့် ဥပေက္ခာပြုထားဆဲပင် ဖြစ်လေသည်။ စွန်းမြောင်းမြောင်း၏ တည်ငြိမ်မှုတွေမှာ လျော့ရဲလို့လာလေကာ ချင်းစုယွဲ့အား ကမန်းကတန်း ကြည့်လိုက်သည်။