part-2

642 39 0
                                    


ကောင်းကင်ပြာပြာကြီးဟာကြည်လင်ပြီးလှပလို့နေသည်။ကောင်းကင်ကြီးနဲ့အပြိုင်ပင်လယ်ပြင်ဟာလည်း လှပပြီးကြည့်လိုက်တာနဲ့ကြည်နူးမှုကိုပေးစွမ်းနိုင်သည်။
ပင်လယ်ကမ်းစပ်ဘေးမှာတော့ ကောင်လေးတစ်ယောက်ဟာပြေးလွှားရောက်လာပြီး ပါလာတဲ့အိတ်ကိုမြေကြီးပေါ်ပစ်ချကာ အဝတ်အစားများကိုချွတ်တော့သည်။နောက်ဆုံး boxer shorts တထည်တည်းသာကျန်လေတော့သည်။ ကောင်လေးရဲ့ခန္ဓာကိုယ်ကဆွဲဆောင်မှုပြင်းလှပီးတချက်ကြည့်လိုက်ယုံနှင့်မိန်းခလေးများကိုဆွဲဆောင်နိုင်ပီးယောကျာ်းလေးများကိုမနာလိုဖြစ်စေသည်။

လက်မောင်းကြွက်သားများနှင့်ဝမ်းဗိုက်ကsix pack များရှိပီးဖြူဝင်းသောအသားအရေကမထိရက်စရာကောင်းစွာ အပြုံးချိုချိုလေးနှင့်လပြည့်ဝင်းလိုပါးဖောင်းဖောင်းလေးများရယ်လိုက်လျှင်ပါးချိုင့်လေးနှစ်ခုကပေါ်လာသေးသည်။

ထိုကောင်လေးက ကျောက်ဆောင်တခုပေါ်တက်ကာ ခါးထောက်ထားရင်းပင်လယ်ထဲခုန်ချရန်ပြင်နေသည်။ကျောက်ဆောင်နှင့်မနီးမဝေးနေရာတွင် camera ထောင်ထားလေသည်။ လက်နှစ်ဖတ်ကိုမြှောက်ကာ ဘုရားရှင်ကိုတိုင်တည်လိုက်သည်..
" ဘုရားသခင်၏နာမတော်တွင်.."

" ဗွမ်း.."
ရေထဲသို့ဒိုင်ပင်ထိုးချလိုက်သည်။

" f**k ရေကအေးလိုက်တာ"
ရေကအေးလွန်း၍အသားများပင်တဆက်ဆက်တုန်လာရသည်
ရေပင်ကောင်းကောင်းမကူးနိုင်တော့ အော်ဟစ်၍သာအကူအညီတောင်းနိုင်တော့သည်။မြုပ်ချည်ပေါ်ချည်ပင်ဖြစ်လာတော့သည်။

" ကယ်ကြပါဦး "
ထိုကောင်လေးသည် ပင်လယ်ကမ်းစပ်တွင်စစ်သားတစ်ဦးထိုင်နေတာကိုတွေ့လိုက်ရသဖြင့် ဝမ်းသာအားရအကူအညီတောင်းတော့သည်။

" ကူညီပါအုံး" ထိုစစ်သားမှာတုပ်တုပ်မျှပင်မလှုပ်။

" ကူညီပါအုံး" ဒုတိယတခါအသံကုန်ဟစ်ကာထပ်အော်လိုက်သည်။

စစ်သားက ရေနွေးကိုတောင်အေးဆေးသောက်နေသေးသည်။
သူ့ရှေ့တွင်လူတစ်ယောက်ရေနစ်နေသည်ကိုမသိသည့်အလား။
ထိုကောင်လေးကလည်းထပ်၍အော်လာသည်။

" စစ်သားကြီး..ရေကအေးတယ်..ကယ်ပါအုံး..ကူညီပါအုံး "

စစ်သားကသူ့ကိုမမြင်ဘူးအထင်ဖြင့်အသံကုန်အော်ဟစ်ကာ လက်များဝှေ့ရမ်းပြသော်လည်း ထိုစစ်သားက တုပ်တုပ်မျှလှုပ်မလာပြန်ပါ။ နောက်ဆုံးသူလည်းထပ်၍ပင်မအော်နိုင်တော့ ရေထဲနစ်မြုပ်သွားကာသူ့မျက်ဝန်းအစုံအမှောင်ထုထဲရောက်သွားတာကိုသာ ခံစားမိတော့သည်။

ခနအကြာ စစ်သားက ကောင်လေးကိုဆင်းဆယ်ကာ သူ၏စစ်ကုတ် အကျီၤကို ထိုကောင်လေးအား ခြုံပေးလိုက်ရင်း ရင်ဘက်ကိုလက်ဖြင့်ဖိကာ CPR လုပ်ပေးနေသည်။အချက်အနည်းငယ်ဖိပီးချိန်မှာ ထိုကောင်လေးမှာချောင်းများတဟွတ်ဟွတ်ဆိုးကာ ပါးစပ်မှရေများထွက်ကျလာသည်။စစ်သားမှာ ကောင်လေး၏ ကျောကိုအသာပုတ်ပေးရင်း ရေနွေးတခွက်ကိုသွားယူလိုက်သည်။ထိုကောင်လေးမှာတဆက်ဆက်တုန်ရင်နေသည့်ကြားမှရန်တွေ့သေးသည်။

" ဒီမှာ..ကျေးဇူးပြုပီး..ကျွန်တော် သေသွားရင်ဘယ်လိုလုပ်မလဲ.."

ထိုစစ်သားက စကားတခွန်းမျှမဆို ကောင်လေးလက်ထဲ ရေနွေးခွက်ထည့်ပေးလေသည်။

" စောစောကလာပါလား.. ခင်ဗျားတို့ သစ္စာတွေဘာတွေတိုင်တည်ရတယ်မလား ပြည်သူတွေရဲ့အသက်ကိုကယ်ရမယ်ဆိုတာ..ဒီလောက်အန္တရာယ်များတဲ့ အခြေအနေကို ကျွန်တော်ရောက်နေတာ ကျွန်တော်သေသွားနိုင်တယ်.."

ပြောချင်တာများတရစပ်ပြောပီး နောက်လှည့်ကြည့်တော့ ထိုစစ်သားမှာ ဆိုင်ကယ်စီးလျက်ထွက်သွားသည်မှာ အဝေးကြီးပင်ရောက်နေပီ။ထိုကောင်လေးလည်း စိတ်တိုတိုနှင့်ကျိန်ဆဲလိုက်သည်။

" လူယုတ်မာ "

အနည်းငယ် နေလို့ကောင်းချိန်မှာတော့ စောစောက ထောင်ထားခဲ့သော camera ကိုသွားယူကြည့်လိုက်သည်။ ကျေနပ်စရာပဲ
" လန်းတယ် "

ကောင်လေးက ရေရွတ်လိုက်ကာ ထိုနေရာမှထွက်ခွာခဲ့တော့သည်။

As Long As I Live Where stories live. Discover now