Day 6
882 60 1
Unicode
7:15 AM
"ကျန်းချန်!! ကျန်းချန်!! ငါ ခုနက ကျန့်ကောကိုတွေ့လိုက်တယ်!"
"... ဘာထူးဆန်းလဲအဲ့ဒါ?? ငါတို ့တိုက်ခန်းနဲ့ သူတိုက်ခန်းနဲ့ မျက်နှာချင်းဆိုင်ပဲဟာ.."
မနက်စောစောအိပ်ယာကောင်းကောင်းမနိုးသေးခင် ထအော်သောရိပေါ်ကြောင့် ကျန်းချန် စိတ်လေလေနဲ့ ပြန်ဖြေဖြစ်သည်။
"..ကျန့်ကော... ကျန့်ကောကဘာလုပ်နေလဲသိလား?? အဝတ်လှန်းထားတာတွေ ရုတ်နေတယ်ကွ!!"
ကျန်းချန်အိပ်နေရာမှ ရိပေါ်ကိုလှည့်ကြည့်လိုက်မိသည်။ ဒီကောင်လေး စောစောစီးစီးလာနောက်နေတာလားလို ့။
မဟုတ်..တကယ့်ရုပ်တည်ကြီးနဲ့ပြောနေတာ။
"အဲ့ဒါ ဘာထူးဆန်းလို ့တုန်း??"
"ဟာ...ကျန့်ကောခမျှ ဆေးရုံမှာအလုပ်လုပ်နေရတာနဲ့တင်ဒီလောက်ပင်ပန်းနေတာ။ မဖြစ်တော့ဘူး....."
တတွတ်တွတ်ပြောရင်း အခန်းထဲကထွက်သွားတဲ့ရိပေါ်ကို ကြည့်ရင်း ကျန်းချန်ခေါင်းခါမိသည်။ ဒီကောင်လေးဘာတွေ ပေါက်တတ်ကရထပ်လုပ်အုံးမလဲမသိ။
Zawgyi
7:15 AM
100 days to say "I love you"Where stories live. Discover now