Ephemeral Touch Ch-6

426 55 0
                                    




Unicode

(zawgyi below)


Lucas' POV

အမေသိပ်တန်ဖိုးထားပါတယ်ဆိုတဲ့ ရတနာကုတင်ပေါ်မှာ နူးညံ့တဲ့မွေ့ယာတစ်ခုရှိတယ် ထိုမွေ့ယာပေူတွင်အိပ်နေသူက ကျွန်တော်နှစ်သက်တဲ့သူဖြစ်ကောင်းဖြစ်နိုင်တယ်

ဘာ့ကြောင့်ကျွန်တော်ဒီလိုမသေမချာပြောရသလဲဆိုရင် ကျွန်တော်ကိုယ်တိုင်မယုံကြည်စွာနဲ့အခုချိန်ဖိဝေဝါးနေဆဲမို့ဖြစ်တယ်

ကျွန်တော်.... ကုတင်ပေါ်မှာငြိမ်သက်စွာအိပ်နေတဲ့သူ့ရဲ့မျက်နှာနုနုလေးကိုငေးကြည့်နေမိတယ် ငေးမောခြင်းတွေကသိပ်လှခဲ့တယ် အထူးသဖြင့် ကိုယ်နှစ်သက်တဲ့အရာတွေကိုငေးမောနေရခြင်းဟာပိုပြီးပြည့်စုံတယ်

အောက်နှုတ်ခမ်းဟာလုံးပြီးအပေါ်နှုတ်ခမ်းက ပြေပြစ်သောတွန့်ကွေးခြင်းနဲ့ အထက်ကနေလှပစွာတင်ထားတဲ့ နှုတ်ခမ်းတစ်စုံ။ ကျွန်တော့်ကိုရွံတယ် မုန်းတယ် ပြောခဲ့တဲ့ဒီနှုတ်ခမ်းဟာကျွန်တော်ထင်ထားတာထက်ဘယ်လောက်ရက်စက်တဲ့စကားတွေကိုပြောနိုင်ဦးမလဲ

မထူမပါးမျက်ခုံးဟာ သူ့ရဲ့မျက်နှာနုနုအလှကိုပိုပေါ်လွင်စေတယ် သူ့မျက်နှာပေါ်ကအစိတ်အပိုင်းတိုင်းဟာ အလှဖွဲ့လို့ရလောက်တဲ့အထိလှနေတဲ့အရာတွေထဲမပါပေမဲ့ သူ့မျက်နှာကိုမြင်လိုက်ရရင်ကိုပဲရင်ထဲအေးသွားတာမျိုး ၊ အပြစ်ဆိုတာ သူ့မျက်နှာထားမှာမရှိ ။ အပြစ်ကင်းစင်တဲ့မျက်နှာနဲ့မွေးဖွားလာခဲ့တဲ့လူသားတစ်ယောက်ဖြစ်တယ်

သူ့ကိုကြည့်နေရင်း ကျွန်တော့်ရင်ထဲ မကျယ်လွန်းဘဲတိုးတိတ်တဲ့ တစ်ခုခုခုန်လှုပ်နေမှုကိုကျွန်တော်ကိုယ်တိုင်ကြားနေရတယ် ထိုအသံဟာမပြတ်သားပေမဲ့ပီသလွန်းတယ် မကျယ်ပေမဲ့ကြားရတယ်

ကျွန်တော် Jungwoo အိပ်နေတဲ့ကုတင်ဘေးမှာထိုင်နေလျက် ထိုအသံကို ကိုယ်တိုင်အာရုံစိုက်နေမိတယ်

ခြေထောက်တစ်ဖက်ကိုဆင်းထားကာ ကျန်တစ်ဖက်ကိုဒူးထောင်လျက် လက်တစ်ဖက်ကိုထောင်ထားသောဒူးတစ်ဖက်ပေါ်တင်ရင်းထိုင်ရာကနေ Jungwoo ကိုမကြာခဏကြည့်မိတယ်

Ephemeral TouchWhere stories live. Discover now