You are mine 5❤

2K 218 22
                                    

Unicode version

ချစ်တဲ့လူကို တွေ့ဖို့ဆိုရင်
လူတယောက်ဟာ အမြဲတမ်း တက်ကြွနေတတ်ပါသတဲ့

....

နေ့တစ်နေအစပျိုးခြင်းနဲ့အတူ chaeyoungတယောက် အိပ်ရာပေါ်က နိုးလာပါသည်

ချစ်ရသူကို တွေ့ရမယ်ဆိုတဲ့စိတ်ကြောင့် အလိုလို ပျော်ရွှင်ကြည်နူးတေမိတယ်

ဒီနေ့အိမ်မှာ ရန်ဖြစ်ရမယ့် unnieလည်း မရှိတာကြောင့် chaeyoungကို စမယ့် နောက်မယ့်လူလည်း မရှိ

မနက်စာစားတာလည်း ဒီနေ့ကတည်ငြိမ်နားအေးတဲ့လူပဲ unnieမရှိတာ အရမ်းကောင်းတာပဲလို့ အမြဲတမ်း unnie အချိန်ပိုတွေ တက်နေရင် ကောင်းမယ်လို့ chae မုန့်စားနေရင်း တွေးမိသေးသည်

မနက်စာစားပြီးတော့ chae ကော်ဖီဖျော်လိုက်ပြီး ကျောင်းသို့ထွက်လာပါသည်

ကျောင်းလွယ်အိတ်လေးကို လွယ်ကာ ဘက်စ်ကားဂိတ်ကို chae ထွက်လာပါသည်

အရင်ကဆို chaeတို့ညီအစ်မနှစ်ယောက် bus စီးကာ အတူတူကျောင်းသွားနေကြ အခုတလောကျမှ unnieကအချိန်ပိုရှိလို့ဆိုပီး စောစောကျောင်းကိုသွားတာ

ဒီလိုကျတော့ unnieမရှိတာ ပျင်းဖိူ့ကောင်းသား chae လမ်းလျှောက်ရင်း သတ်ဖို့ စကားများဖို့ လူမရှိတာ....

Busကားရောက်လာတော့ ကားပေါ်ရောက်လာရင်း ပြတင်းပေါက်ရှိသော နေရာကို chaeရွေးထိုင်မိသည် ဘာလို့လဲဆိုတော့ chaeက ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေရတာကို ကြိုက်တယ်

Earphoneလေးတပ်ကာ သီချင်းနားထောင်ရင်း ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေရင်း တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် chaeနှလုံးသားလေးက တချက်ခုန်သွားပါသည်

"Soo?"

Sooက စြင်္ကန်လမ်းကနေ စက်ဘီးနင်းနေပါသည် chaeက ကားပေါ်ကနေ စက်ဘီးစီးကာ ကျောင်းသွားနေသော sooကို ငေးကြည့်နေမိတယ်

အရင်ကဆို sooကို ဒီလမ်းပေါ်မှာ မတွေ့ရဘူး ဘာလို့များ soo ဒီလမ်းက လာတာပါလိမ့်

You are mine❤ (Chaesoo)Where stories live. Discover now