.. ၁၈ ..
21.3K 2.2K 13
《Zawgyi》
အပိုင်း - ၁၈ [ အိမ်နီးချင်း ]
ကျုံချင်းက သူမအား မယုံကြည်နိုင်ပဲ ကြည့်လိုက်သည် .. "နင်တစ်ကယ်ကို နားမလည်တာလား ဒါမှမဟုတ် နားမလည်ချင်ယောင် ဆောင်နေတာလား"
ချင်းစုယွဲ့က ခေါင်းရှုပ်သွားသည်။
ကျုံချင်းက ရှင်းပြ၏ .. "လုံးဝကို ချန်းစီနျန်ကြောင့်ပဲပေါ့ဟဲ့ ! လူတိုင်းခန့်မှန်းနေကြတာက ဒါက သူ နောက်ဆုံးအကြိမ် တက်ရောက်တဲ့ ကျောင်းမှာ ကျင်းပတဲ့ပွဲ ဆိုပြီးလေ .. ဆိုလိုတာကတော့ သူတို့တွေက ချန်းစီနျန်ကို အဲ့နေ့ညမှာ နောက်ဆုံးအကြိမ် အနေနဲ့ပဲ တွေ့ရတော့မှာလေ!"
ချင်းစုယွဲ့ဟာ အံ့ဩလျက် မျက်တောင်ခတ်လိုက်မိရင်း တစ်ယောက်ထဲ ရေရွတ်မိသည် .. "ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? .. အမျိုးသမီးဇာတ်ဆောင် ပြန်ရောက်ရင် သူပါ ကျောင်းကိုပြန်လာပြီး သူမရဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးဖို့ စာသင်ပေးအုန်းမှာကို"
"နင် စောနက ဘာပြောလိုက်တာလဲ?"
"ဘာမှမဟုတ်ပါဘူးး .. ငါ သွားသင့် မသွားသင့် စဉ်းစားနေတာ"
" ကဲ တွေးမနေနဲ့တော့ .. သွားမယ်! ဒီစီနီယာနှစ်ယောက်ကို စင်မြင့်ပေါ်မှာ အတူတူ တွဲမြင်ရဖို့ဆိုတာ အရမ်းကို ရှားပါးတဲ့ အခွင့်အရေးနော်! .. ဒီလို အခွင့်ကောင်းက နောက်တစ်ကြိမ် ပြန်ရဖို့ မလွယ်ဘူး !"
ဤသို့နှယ် သိမ်းသွင်း စည်းရုံးခံရပြီးနောက် သူမမှာ ပြိုင်ပွဲကျင်းပသည့် နေရာသို့ ကျုံချင်းနောက်မှ လိုက်လာခဲ့လေ၏။
***************
ယှဉ်ပြိုင်ပွဲမှာ နောက်ဆယ်မိနစ်အတွင်း စတင်တော့မည်ဖြစ်ပြီး ပွဲကျင်းပသည့်နေရာ၌လည်း လူများ ပြည့်နှက်လို့ နေလေပြီ။ ကျုံချင်းမှာ အနောက်ပိုင်းတွင် ခုံလေးနှစ်နေရာ ရဖို့အရေးကိုပင် အတင်း တိုးဝှေ့ဖျစ်ညှစ်လိုက်ရပေသည်။ သူမတို့ ထိုင်ပြီးတာ နှစ်မိနစ်လောက်တောင် မကြာသေးခင်မှာပဲ ကျီယီက ရုတ်တရက် ဘယ်နေရာက ပေါ်လာမှန်းမသိပဲ ချင်းစုယွဲ့အား လက်ဝှေ့ယမ်းပြကာ အော်ဟစ်လေသည် .. "ကြည့်စမ်း .. မင်းက ဒီမှာရှိနေတာပဲ!"