.. ၁၉ ..
21.1K 2.3K 15
《Zawgyi》
အပိုင်း - ၁၉ [သေလုနီးပါး]
'ဒီ အေးစက်စက် အသံက?'
ချင်းစုယွဲ့မှာ ဆိုးဆိုးဝါးဝါး စိတ်လေးလံလို့လာသည်။ ပထမတော့ သူမ ချီတုံချတုံ ဖြစ်နေခဲ့ပြီးမှ နောက်ဆုံးတော့ ထိုလူသား၏ မျက်နှာကိုကြည့်ဖို့ ခေါင်းကိုမော့လိုက်ရတော့သည်။ ထိုအခိုက်တွင် သူမ၏ နဖူးပေါ်သို့ ကျယ်လောင်လှသော ထိုးနှက်ချက်တစ်ခု ရောက်ရှိလာသည့်နှယ် ခံစားလိုက်ရ၏။ ထို့နောက်မှာတော့ သူမမှာ "ဟေ့" ဆိုသည့် အသံအား ရှင်းရှင်းလင်းလင်းကြီးကို ကြားလိုက်ရလေသည်။
ချင်းစုယွဲ့မှာ သူတို့နှစ်ယောက် စောနတုန်းက တိုက်မိခဲ့စဉ်က နာကျင်မှုအား ခံစားနေရဆဲပင် ရှိသေးသည်။ သူမ၏ နာကျင်နေသော နဖူးထက်သို့ လက်ကိုတင်လိုက်ပြီး ပွတ်မိကာ အနည်းငယ် မူးဝေမှုကို ခံစားနေရသည်။ ထို့နောက်မှာမှ သူမကို မဲမှောင်နေသည့် အမူအယာဖြင့် ငုံ့ကြည့်နေသော ချန်းစီနျန်၏ ချောမောခန့်ညားလှသော မျက်နှာအား ချက်ချင်းပဲ သတိပြုမိသွားလေတော့၏။ သူမမှာ အလွန်ကြောက်ရွံသွားပြီး သူ့အားဘေးသို့ တွန်းလိုက်ကာ ခြေလှမ်းအနည်းငယ်လောက် နောက်ပြန်ဆုတ်လိုက်မိသည်။
သို့သော်လည်း သူမ၏ အနောက်ရှိ နေရာမှာ သူမဖုန်းပြောနေစဉ်က မှီနေခဲ့သည့် လှေကား၏ ထိပ်ဆုံးနေရာပင်ဖြစ်ကြောင်း မေ့သွားလေသည်။ ယခုအချိန်တွင် သူမမှာ နောက်သို့ ခြေလှမ်းတော်တော်များများ ဆုတ်ပြီးသွားပြီ ဖြစ်ပြီး သူမ၏ ညာဖက်ခြေထောက်မှာ ရုတ်တရက် ထပ်ဆုတ်ရန် ခြေချဖို့ကြမ်းပြင် မရှိတော့ပဲ မလွဲဧကန် ဟန်ချက်ပျက်သွားရှာလေ၏။ ချင်းစုယွဲ့က ရေနစ်သူမှာ ကောက်ရိုးတစ်မျှင်အား ဆွဲသကဲ့သို့ သတိမထားမိလိုက်ပဲ အလိုအလျောက် သူမ၏လက်ကို ဆန့်တန်းထုတ်လိုက်မိကာ ထိုကောက်ရိုးမျှင်အား ဆုတ်ကိုင်လိုက်လေ၏။ ဝမ်းနည်းစရာကောင်းတာကတော့ အနှီကောက်ရိုးမျှင်မှာ ချန်းစီနျန်၏ အနက်ရောင် အနောက်တိုင်းဝတ်စုံ၏ အင်္ကျီလက်ပင် ဖြစ်လေသည်။
သူမ၏ မြတ်နိုးလှစွာသော ဘဝအတွက် ထိုအင်္ကျီလက်အား တင်းတင်းကျပ်ကျပ်ကို ဆုပ်ကိုင်ထားသဖြင့် ချန်းစီနျန်၏ အမူအယာမှာ ရေခဲကဲ့သို့ပင် ပိုလို့ အေးစက်လာလေတော့သည်။