.. ၂၀ ..
22K 2.3K 11
《Zawgyi》
အပိုင်း - ၂၀ [သီးသန့်ထိုင်ခုံနေရာ]
ချင်းစုယွဲ့သည် ဒီညတွင် အပြာနုရောင် အပေါ်ထပ်အင်္ကျီနှင့် ဂျင်းစကပ် အပြာရောင်လေးအား တွဲဝတ်ထားခဲ့သည်။ သူမက ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်သောကြောင့် သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းမှာ အလွန်လှပေသည်။
ထိုမိန်းကလေး ထိုင်လိုက်သည့်အချိန်တွင် သူမက သူ့ထံသို့ မတော်တဆ အကြည့်ရောက်သွားပြီးနောက် ချက်ချင်းပဲ သူမ၏ခေါင်းအား မနှစ်မြို့ဟန် အဝေးသို့လှည့်လိုက်သည်ကို ချန်းစီနျန်က သတိပြုမိသွားသည်။
ချန်းစီနျန်တစ်ယောက် ပရိသတ်တွေ ထိုင်သည့်နေရာဆီသို့ ရောက်ရှိလာခြင်းသည် လူအုပ်ကြီးအား အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ကျီယီက တခြားသူများအား ဒိုင်များထိုင်ရမည့် နေရာ၌ နေရာချထားပေးပြီးဖြစ်ကာ ကံမကောင်းစွာနဲ့ပဲ အလယ်ရှိ ထိုင်ခုံတစ်ခုံသာ ကျန်ရှိနေလေ၏။
ချန်းစီနျန်က ထိုထိုင်ခုံနေရာအား ကြည့်လိုက်ပြီးနောက် နံဘေးရှိ ကျီယီထံ အကြည့်ရောက်သွားသည်။
ကျီယီကာ ပြုံးလိုက်ရင်း ရှင်းပြသည် .. "ကျွန်တော်က စီနီယာချန်းအတွက် သီးသန့်ထိုင်ခုံနေရာ ချန်ထားတာလေ ! မဟုတ်ရင် စီနီယာ မလာတော့မှာစိုးလို့"
ချန်းစီနျန်မှာ ကျေနပ်သည်လား မကျေနပ်သည်လား ခွဲခြားမရနိုင်သည့် "အင်း"ဟူသော အသံအား တီးတိုးရွေရွတ်လိုက်လေသည်။
သူ ထိုင်ပြီးသွားသည့်အခါ ခေါင်းငုံ့ပြီး ဖုန်းသုံးနေသည့် ချင်းစုယွဲ့မှာ ရုတ်တရက် ကျီယီအား အလွန်တရာ ဒေါသထွက်နေသော စိန်းစိန်းဝါးဝါး အကြည့်ဖြင့် ကြည့်လိုက်သည်။ ကျီယီ၏ ပျော်ရွှင်နေသော မျက်နှာထက်တွင်တော့ 'မင်း ငါ့ကို ကျေးဇူးတင်မှာပါ' ဟူသည့် အမူအယာကြီး ပေါ်နေလေ၏။
ချင်းစုယွဲ့မှာ အံကို တင်းတင်းကြိတ်လိုက်ကာ တွေးလိုက်သည် .. 'တစ်ကယ်တော့ လောကကြီးမှာ အလကားရတဲ့ နေ့လည်စာဆိုတာ မရှိဘူးပဲ! ဒီကျီယီက ဒါတွေအကုန်လုံးကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ! မဟုတ်ရင် ချန်းစီနျန်က ဘယ်လိုလုပ် ငါ့ရှေ့မှာ လာထိုင်မှာတုန်း!