.. ၂၁ ..
21.6K 2.3K 25
《Zawgyi》
အပိုင်း - ၂၁
[ဆေး မှားသောက်လာတာ]
ချင်းစုယွဲ့မှာ သူမရဲ့ ဦးနှောက်ပျက်သွားသည်ဟု ခံစားလိုက်ရသည်။ ဒါပေမယ့် သူမ အကျယ်ကြီး မပြောခဲ့မိတာကိုပဲ ဝမ်းသာရသေးသည် .. ထိုလူသားက သူမ ပြောလိုက်တာကို ကြားမသွားလောက်ပေ။ တစ်ကယ်လို့ သူကြားလိုက်ရင်တောင် ဝတ္ထုဇာတ်ကြောင်းအရ သူမကို ဧကန် လျစ်လျူရှုလိမ့်မည်။
ဒါပေမယ့် သူမ အံ့ဩတကြီး ဖြစ်သွားသည်။ အဲဒီ ချန်းစီနျန်က နောက်ကိုလှည့်ပြီး ငါ့ကို ကြည့်နေတယ်!
သူ့ရဲ့ အဓိပ္ပါယ်တွေ အများကြီးပါနေတဲ့ အေးစက်စက် အကြည့်ကြီးနဲ့လေ ..
ချင်းစုယွဲ့မှာ သတိလက်လွတ်ဖြစ်လျက် တဆတ်ဆတ်တုန်ရီလာသည်ကို သူမကိုယ်သူမ ခံစားမိသည် .. 'ငါတော့ သွားပြီ!'
တစ်ကယ်ကိုပင် ချန်းစီနျန်မှာ ဒီည ဆေး မှားသောက်လာပုံ ရကာ သူမကို လှည့်ကြည့်လျက် ဖြေးဖြေးချင်း ပြောလိုက်သည် .. " အရင်ဆုံး မင်းကိုယ်မင်းသာ ဥပမာအနေနဲ့ လူတွေ သတိမထားမိအောင် နေပြရမှာ မဟုတ်ဘူးလား?"
' ဝှက်သားဖက် ! '
ချင်းစုယွဲ့၏စိတ်မှာ သွေးရူးသွေးတန်း ဂယောင်ချောက်ချားတွေ ဖြစ်လာလေ၏ .. 'သူက ငါ့ကို ဘာလို့ စကားပြောတာလဲ? ချန်းစီနျန်လည်း လူစားထိုးခံလိုက်ရတာလား? ငါဘာလုပ်ရမှာလဲ? ငါက ဘာလုပ်ရမှာတုန်းလို့?'
ချင်းစုယွဲ့၏ စိတ်မှာ ထိုကိစ္စအပေါ်တွင်သာ ကပ်ငြိလို့နေသော်လည်း ချန်းစီနျန်မှာတော့ သူမ၏ တုံ့ပြန်ပုံအား စိတ်မပါလက်မပါဖြင့် သာမန် အနည်းငယ်မျှသာ ကြည့်လိုက်၏။ ထို့နောက်တွင်တော့ ပြန်လှည့်သွားကာ ရှေ့တည့်တည့်ရှိ ပြိုင်ပွဲကိုသာ စိုက်ကြည့်လို့နေသည်။
ချင်းစုယွဲ့ခမျာ တုပ်တုပ်မျှမလှုပ် ထိုင်နေကာ ထိုအမျိုးသားဇာတ်ဆောင်၏ နောက်ကျောကိုသာ တိတ်တဆိတ် ကြည့်နေမိရင်း တွေးတောမိသည် .. 'အားး တကယ်ကြီးကို! ဒီလူသားရဲ့ ကျောပြင်လေးကတောင် ဆွဲဆောင်မှုရှိလိုက်တာနော် .. တကယ်ပါပဲ ငါတော့ လုံးဝကို တစ်ခုခု မှားယွင်းနေပြီ!'