.. ၂၃ ..
21.3K 2.2K 8
《Zawgyi》
အပိုင်း - ၂၃ [ တိုက်ခန်း - ၂]
ချန်းစီနျန်မှာ နောက်ဘက် ခပ်လှမ်းလှမ်းတွင် ရပ်နေတာဖြစ်ပြီး သော့တွေ တစ်ချောင်းနှင့်တစ်ချောင်း ထိမိရိုက်မိရာမှ ထွက်ပေါ်နေသည့် အသံတချွင်ချွင်အား နားထောင်နေမိသည်။ အချိန်အတန်ကြာသည်အထိ တံခါးမှာ ပွင့်မည့် အရိပ်အယောင်ကို မရှိချေ။
သူမ၏ ဥာဏ်ရည်ဥာဏ်သွေး ချို့တဲ့ရှာမှုအား သူ ရုတ်တရက် မျက်မြင်တွေ့ခဲ့ရပေသည်။
ချင်းစုယွဲ့မှာ သော့ အတော်များများဖြင့် ကြိုးစားခဲ့ပြီးတာတောင်မှ မအောင်မြင်နိုင်သေးပဲ ရှိနေလေရာ သူမမှာ စိတ်အနှောင့်အယှက်ဖြစ်စွာ ရေရွတ်မိလေသည် .. "မဖြစ်နိုင်ဘူး .. ငါ သေသေချာချာကို ချင်းစုယွဲ့ရဲ့ သော့တွေအကုန်လုံးကို ရှာယူလာတာပါ .. ဘာလို့ တစ်ခုမှ မမှန်သေးတာလဲ? ငါ ကျန်ခဲ့တာများ ရှိလို့လား?"
သူမမှာ ထပ်စဉ်းစားစရာ အဖြေမရှိတော့ပေ။ သူမ အနောက်သို့ ပြန်လှည့်ကြည့်လိုက်ချင်းမှာပဲ နောက်တွင် ဘယ်လောက်ကြာအောင် တိတ်ဆိတ်စွာ ရပ်နေမှန်းမသိသော ချန်းစီနျန်အား မြင်လိုက်ရသည်။ သူမ ထင်မိတာက သူမမှာ ဒီနေရာကို ရှာတွေ့ဖို့အရေး အချိန်အကြာကြီး မျက်စိလည်နေခဲ့သဖြင့် ထိုလူသားမှာ သူ့တိုက်ခန်းသို့ သူမထက်အရင် ရောက်နေပြီဟု ထင်မိတာကြောင့်ပင် ဖြစ်သည်။
ထိုလူသားက သူမကို မကြည့်ပဲ သူ့တိုက်ခန်းဆီသို့သာ တန်းတန်းမတ်မတ် လျှောက်သွားပြီး သော့ကိုထုတ်ကာ တံခါးဖွင့်လိုက်လေသည်။
သူ သော့ဖွင့်နေသည့်အချိန်တွင် ချင်းစုယွဲ့မှာ သူ့လက်ကိုသာ သေချာစိုက်ကြည့်နေလေ၏။ သူမမှာ သူ သော့ထုတ်လိုက်မည့် အချိန်ကိုသာ စောင့်နေမိပြီး သော့ကို မြင်ချင်မိ၍ ဖြစ်ကာ သူ၏တိုက်ခန်းသော့ပုံစံအား သူမ မှီငြမ်းကြည့်ဖို့ စိတ်ကူးရမိသွားသောကြောင့်ပင်..
စိတ်ညစ်စရာကောင်းတာကတော့ ချန်းစီနျန်က သူမ၏စိတ်ကူးတွေကို သိနိုင်စွမ်းရှိပုံ ရလေသည်။ သူက တံခါးကို အထဲသို့ တွန်းဖွင့်ဝင်လိုက်ပြီးနောက် သူ့သော့ကို ပြန်ယူလိုက်သေးကာ တံခါးကို အလျှင်အမြန် ပိတ်လိုက်လေတော့သည်။