.. ၂၄ ..
21.6K 2.4K 30
《Zawgyi》
အပိုင်း - ၂၄ [ဝမ်ယဉ်းလင်]
ဝမ်ယဉ်းလင်မှာ ငယ်စဉ်ထဲကပင် မင်းသမီးလေးတစ်ပါးလို ပြုမူဆက်ဆံခံခဲ့ရသူ ဖြစ်သည်။ နောင်အခါတွင် သူမမှာ ကိုယ်ပိုင် အနုပညာ ကုမ္ပဏီတစ်ခု ထူထောင်ခဲ့ပြီး ရုပ်ရှင်ဧကရီဘွဲ့အား အကြိမ်ပေါင်းများစွာ ရရှိခဲ့လေသည်။ ဘယ်သူကများ သူမကို ဘုရင်မတစ်ပါးကဲ့သို့ မပြုမူ မဆက်ဆံပဲ နေဝံ့ပါမည်နည်း? သူမနှင့် မကျေမလည် ပဋိပက္ခဖြစ်သည့် ဇာတ်လိုက်မကို ဘေးဖယ်ထားလျှင်တောင်မှ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ သူမ၏သားမှ လွဲကာ ဝမ်ယဉ်းလင်ကို ဆန့်ကျင်ဖို့ အခွင့်အရေး တစ်ခုတစ်လေသော်မျှ မရရှိခဲ့ပေ။ ဒါကြောင့်ပဲ သူမမှာ ဇာတ်လိုက်မအား ဖိနှိပ်ဖို့အတွက် ကြိုးစားရာမှာ အခက်ကြုံခဲ့ရခြင်း ဖြစ်လေသည်။
ဘာပဲဖြစ်ဖြစ် ချင်းစုယွဲ့၏ အမြင်မှာတော့ ယောက္ခမနှင့် ချွေးမကြားတွင် သဘောထားကွဲလွဲမှုလေးတွေ ရှိတတ်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ ဟိုးရှေးတုန်းထဲကပင် သူတို့တစ်ယောက်နှင့် တစ်ယောက်အကြား အကြောင်းပြချက် ကြီးကြီးမားမား မရှိပဲနှင့်တောင် မုန်းတီးကြတတ်သည်ပဲလေ။
ချင်းစုယွဲ့၏ အတွေးတွေမှာ ဟိုဟိုသည်သည် ရောက်နေတော့သည်။ 'ဝမ်ယဉ်းလင်က ဇာတ်လိုက်မကို ဘယ်အချိန်လောက်ကျမှ လက်ခံသွားတာပါလိမ့်?' သူမ၏သား လက်ထပ်ပြီးတော့ ရှန်ဝမ်းယန့်က မြေးလေးတစ်ယောက် မွေးဖွားသည့်အချိန်လောက်မှသာ ဖြစ်မည်။ ထိုအချိန်မှစ၍သာ သူမတို့နှစ်ယောက်ကြားက ဆက်ဆံရေးက တဖြည်းဖြည်း ပို၍ တိုးတက်လာလေသည်။
ချင်းစုယွဲ့ တွေဝေ တွေးတောနေသည့်အချိန်တွင် ချန်းစီနျန်က သူ့မာမား၏ မေးခွန်းကိုကြားပြီးနောက် သူမကို ဖျတ်ခနဲ ကြည့်လိုက်သည်ကို ချင်းစုယွဲ့ မသိခဲ့ပေ။ သူမ၏ အခန်းတံခါးမှာ တစ်ဝက်ပွင့်ဆဲ ဖြစ်နေသည်ကို သူသတိပြုမိသွားသည်။
စောနက သူ့တိုက်ခန်းကို အရင်ဝင်ခဲ့စဉ်တုန်းက သူမ ထိုနေရာမှ ထွက်သွားသည့်အသံကို သူကြားခဲ့ရသည်။ သူမ အခု ဘယ်လိုများ ပြန်ရောက်နေတာပါလိမ့်? ကြည့်ရတာ ဒီကိုပြန်မလာခင် သော့တွေကို ထပ်ရှာဖွေ စုဆောင်းလာခဲ့တာ ဖြစ်နိုင်သည်။