**ငါ အဲ့လူကို သတ်ပစ်မယ်** Toothless ကြိမ်းဝါးသံကို ကျွန်မ ကြားလိုက်သည်။
Toothless Ms.Imထံသို့ ပြေးသွားသည်၊ ထိုအခါ သူမက သူ့လက်ကို ချိုးလိုက်သည်။
ထို့နောက် Toothless ငြိမ်ကျသွားသည်။
"မလောက်လေးမလောက်စားခွေးကများ! ငါ့ကို ရန်မူရဲတယ်ပေါ့! ငါ အခု မင်းကို ထိန်းချုပ်ပစ်မယ်." Ms.Im မျက်နှာပေါ်မှ အမှတ်အသားများက သူမတစ်ကိုယ်လုံးဆီသို့ ပျံကြဲသွားသည်။ သူမမျက်နှာသည် ယောကျ်ားတစ်ယောက်အသွင်သို့ ပြောင်းလဲသွားကာ ကျွန်မ သူမကို မမှတ်မိနိုင်တော့။
"Miyoung ကို သတ်လိုက်!" Ms.Imက ပြတ်ပြတ်သားသား အမိန့်ပေးလာသည်။
Wtf? သူမ Taeyeonကို ကျွန်မအမေကို သတ်ဖို့ အမိန့်ပေးတာလား??
Toothless ကျွန်မတို့ဘက် လှည့်လာသည်၊ သူမမျက်လုံးက ဖြူစွတ်နေသည်။
သူမ အညှို့ခံထားရပြီ!
အမေက ကျွန်မရှေ့၌ရပ်ကာ ကျွန်မကို ကာကွယ်ပေးနေစဉ် Toothless က ကျွန်မတို့ဆီ သားကောင်နောက်လိုက်နေဟန်၊ ဖြည်းဖြည်းချင်း လျှောက်လာနေသည်။ သူမကိုကြည့်ရတာ စိတ်လှုပ်ရှားကာ ပျော်မြူးနေဟန်ပင်၊ သည့်အပြင် ရင်းရင်းနှီးနှီးပင်။ သူမအမြှီးကို နှံ့နေသည်၊ သူမနားရွက်များကလည်း ထောင်နေသည်၊ ပြီးတော့ သူမ တိတ်ဆိတ်နေသည်။ သူမ ကျွန်မတို့ကို သားကောင်သဖွယ် အလွန့်ကို အာရုံစိုက်၍ ကြည့်နေသည်။
"ကျေးဇူးပြုပြီး Toothless နိုးပါတော့! သူမ ထိန်းချုပ်တာမခံပါနဲ့!" ကျွန်မ တောင်းပန်သော်လည်း ဘာမျှမပြောင်းလဲသွားခဲ့၊ သူမ ကျွန်မပြောတာကို မကြားပေ။
"အသုံးမဝင်ဘူး! အခု သူ့ကို ငါပိုင်သွားပြီ!" Ms.Im ယုတ်မာစွာ ရယ်လေသည်။
Toothlessက အမေ့ကို ခုန်အုပ်တော့မည်အချိန်တွင် Sunnyသည် ဝံပုလွေအသွင်ပြောင်းကာ Toothy ကို တားလေသည်၊ သူမသည် နက်မှောင်နေသောအမွှေးများနှင့်ဝံပုလွေဖြစ်လေသည်။
သူတို့ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ကာကိုက်၍ကုတ်ခြစ်နေကြသော်လည်း သူတို့နှစ်ယောက်၏ ခြားနားမှုကို ကျွန်မ အတိုင်းသား မြင်နေရသည်။ Toothless က ပိုပြီးသန်မာသည်၊ သူတို့ တိုက်ခိုက်မြဲတိုက်ခိုက်နေကြသည်။
VOUS LISEZ
My Mate (Translation) 《Z & U 》
Loup-garouThis story is not mine. Credit to original author @naruuu21 Officially get permission from original author ^_^
