.. ၂၆ ..
21.9K 2.3K 53
《Zawgyi》
အပိုင်း - ၂၆ [ကျောင်း ဖိုရမ်]
ထိုပြိုင်ပွဲညက သူတို့နှစ်ယောက် ရင်းရင်းနှီးနှီး ရှိခဲ့ကြတာကို လူတိုင်းက မြင်လိုက်ရသောကြောင့် ကျောင်းဖိုရမ်ဟုခေါ်သော ဆွေးနွေးစကားပြောတတ်ကြသည့် ကျောင်းဝက်ဆိုက်တွင် တော်တော်လေးကို ပွက်လောရိုက်နေကြလေသည်။
"ကျောင်းရဲ့ မင်းသားလေးကို အရူးအမူး ကြွေနေကြသည့် ရှစ်ရာတစ်ဆယ့်ရှစ်ယောက်သော မိန်းကလေးတွေထဲကမှ နောက်ဆုံးမှာ ဘယ်သူ အနိုင်ရရှိမလဲ?" ဟူသော ခေါင်းစဉ်နှင့်ပို့စ်မှာ အလွန်ပင် လူသိများ ကျော်ကြားနေသည်။
ကျုံချင်းက ချင်းစုယွဲ့အား ထိုပို့စ်အကြောင်း အသိပေးသော်လည်း သူမက သွားမကြည့်ချင်ပေ။ သို့သော်လည်း သူမ၏အခန်းဖော်မှာ သူမအား ပေ့ခ်ျအတော်များများအား အတင်းကြည့်ခိုင်းလေသည်။ ပထမဆုံး ကွန်းမန့်တစ်ခုမှာ ကျောင်းအဆောင်ခန်းတစ်ခု၏ ခေါင်းဆောင်က တိတ်တဆိတ် ရိုက်ကူးခဲ့သော ဓာတ်ပုံတစ်ပုံဖြစ်ပြီး ထိုထဲတွင် ချန်းစီနျန်က ချင်းစုယွဲ့အား နောက်လှည့်ကာ စကားပြောနေသည့်ပုံ ဖြစ်လေ၏။
ချင်းစုယွဲ့က တွေးမိသည်မှာ ထိုဓာတ်ပုံတွင်ပါရှိသည့် မီးအလင်းအမှောင် လိုက်တင်ကာလာတွေကြောင့် အမြင်မှားခြင်း ဖြစ်မည်ဟုပင် .. မဟုတ်ရင် ဘာလို့ ချန်းစီနျန်၏ မျက်ဝန်းတွေထဲမှ အနည်းငယ် နူးညံ့မှုလေးကို သူမ မြင်ရမှာလဲ? ဟုတ်တာပေါ့! ဓာတ်ပုံမှာ မီးအလင်းအမှောင် လိုက်တင်ကာလာတွေ ကစားထားတာဟု သူမတစ်ယောက်ထဲကသာ ယုံကြည်ခြင်း ဖြစ်လေသည်။ အခြား ထောင်ပေါင်းများစွာသော သူတွေကမူ ချန်းစီနျန်က ချင်းစုယွဲ့ကို နောက်လှည့်ပြီး ကြည့်သည့်အချိန်တွင် သူ့မျက်ဝန်းတွေမှာ ထူးထူးခြားခြားကို နူးညံ့ပျော်ဝင်နေကြောင်း တွေးကြလေသည်။
ရလဒ်အနေနဲ့ကတော့ ထိုဓာတ်ပုံတင်ပြီးသည့်နောက်တွင် တချို့က ဝမ်းနည်းကြေကွဲကြပြီး အချို့က ငိုကြွေးပူဆွေးကြသည် .. အချို့မှာမူ ချင်းစုယွဲ့အား အရှက်မရှိ မျက်နှာပြောင်တိုက်သူဟု ဆူဆဲကြသည်။ ထို့နောက်တွင်မူ မူလခေါင်းစဉ်ကနေ သွေဖယ်သွားကာ ချင်းစုယွဲ့အား အရှက်မရှိသူဟု ဆဲဆိုသည့် ကွန်းမန့်များကို မြင်တွေ့သည့် လူတိုင်းကပါ ဝင်ရောက်ပြောဆိုကြတော့သည်။ ၎င်းတို့က သူမ ထိုနတ်ဘုရားလေးနောက်သို့ တကောက်ကောက် လိုက်ခဲ့စဉ်က အတိတ်ဟောင်းတွေကိုပါ တဆက်ထဲ တူးဖော်ကြလေသည်။ တစ်ကယ်ကမူ သူမရဲ့ ရှက်စရာကောင်းလှသည့် ကမောက်ကမ အဖြစ်တွေ အားလုံးအပေါ် ဝေဖန်သုံးသပ်ကြခြင်း ဖြစ်လေသည်။ ထိုအရာအားလုံးကို ပေါင်းစုလိုက်ပြီး "ချင်းစုယွဲ့၏ အရှက်ကင်းမဲ့မှု မှတ်တမ်းပေါင်းချုပ်" ဟူ၍ တောင် ခေါ်တွင်သင့်ပေ၏။