(Zawgyi)
|| 2 0 1 9 ||
ဒီနေ့က ကလေးတွေ ပျော်တဲ့ ခရစ်စမတ်။
ဆိုးလ်မြို့ပြတိုက်တွေရဲ့ LED screenတွေပေါ်မှာ
Ginger treeအလှဆုံးတွေကိုတွေ့ရတယ်။Chanyeolက သာမန်အစိုးရဝန်ထမ်းတစ်ယောက်။
အလုပ်က ပြန်လာတော့ လမ်းတစ်ခုလုံးမှာ
သူမရနိုင်တဲ့ ပျော်ရွှင်မှုတွေကို မြင်ရတယ်။နောက်တော့ သူမှီရာ ရထားပေါ်တက်တယ်။
ဒီနှစ် ခရစ်စမတ်ကနှင်းထူလို့ သူစီးလာတဲ့
ရထားက နောက်ဆုံးရထားပဲလို့ ဘူတာက
လူတွေ ပြောတာ ကြားခဲ့တယ်။လူကြပ်နေတဲ့ အခြေအနေကြောင့်
Chanyeol အပေါ်ကလက်ကိုင်ကို ကိုင်ပြီး
ရပ်ရတယ်။သူရောက်နေတဲ့ ရထားတွဲ ထောင့်ဆုံးမှာ
50အရွယ်အဖိုးကြီးတစ်ယောက်က ဂီတာတစ်လုံးနဲ့
တီးမှုတ်ဆိုပြနေတာကို သူကလွဲရင်
အကုန်လုံး စိတ်ဝင်တစားတိုးကြည့်နေကြတယ်။""It's the most beautiful time of the year~
Lights fill the street spreading
so much cheer~
I should be playing in the winter snow~
But I'll be under the misletoe~I don't wanna miss out on the holiday~
But I can't stop staring at your face~
I should be playing in the winter snow~
But I'll be under the misletoe~With you,Shawty with you~
With you,Shawty with you~
With you~~
Under the misletoe~""| Justin Bieber_Misletoe |
"ဟိတ် မယ်ရီခရစ်စမတ်။"
Chanyeol အသံကြားလိုက်ပေမယ့်
ဖာသိဖာသာပဲ နေလိုက်တယ်။
သူ့ကိုခေါ်စရာ အကြောင်းမှမရှိတာပဲလေ။ခဏကြာတော့ Chanyeolခါးကို
တစ်ယောက်ယောက် လက်ညိုးနဲ့ လာတို့လို့
သူယောင်ယမ်းပြီး လှည့်ကြည့်လိုက်တယ်။"မယ်ရီခရစ်စမတ်လို့ ဟီးဟီး။"
Chanyeolနောက်မှာ ခရစ်စမတ်ဘိုးဘိုးကြီး
ဝတ်စုံနဲ့ ကောင်သေးသေးလေးက ရပ်ပြီး ပြုံးပြနေတယ်။မျက်နှာနုပုံနဲ့တော့ အလွန်ဆုံးရှိ ၁၈နှစ်ပေါ့။
"ဘယ်သူလဲ အကိုနဲ့ သိလို့လား။"
Chanyeolက အရမ်းမေ့တတ်တယ်။
ခင်တဲ့သူတွေဆို နာမည်မေ့တဲ့အခါ
ခဏခဏပြန်မေးယူရတယ်။