The Day We Love

2.9K 348 29
                                    

(Zawgyi)

|| 2 0 1 9 ||

ဒီ​နေ့က က​လေး​တွေ ​ပျော်​တဲ့ ခရစ်​စမတ်​။
ဆိုးလ်​မြို့ပြတိုက်​​တွေရဲ့ LED screen​တွေ​ပေါ်မှာ
Ginger treeအလှဆုံး​တွေကို​တွေ့ရတယ်​။

Chanyeolက သာမန်​အစိုးရဝန်​ထမ်းတစ်​​ယောက်​။
အလုပ်​က ပြန်​လာ​တော့ လမ်းတစ်​ခုလုံးမှာ
သူမရနိုင်​တဲ့ ​ပျော်​ရွှင်​မှု​တွေကို မြင်​ရတယ်​။

နောက်​​တော့ သူမှီရာ ရထား​ပေါ်တက်​တယ်​။
ဒီနှစ်​ ခရစ်​စမတ်​ကနှင်းထူလို့ သူစီးလာတဲ့
ရထားက ​နောက်​ဆုံးရထားပဲလို့ ဘူတာက
လူ​တွေ ​ပြောတာ ကြားခဲ့တယ်​။

လူကြပ်​​နေတဲ့ အ​ခြေအ​နေ​ကြောင့်
Chanyeol အ​​ပေါ်ကလက်​ကိုင်​ကို ကိုင်​ပြီး
ရပ်​ရတယ်​။သူ​​ရောက်​​နေတဲ့ ရထားတွဲ ​ထောင့်​ဆုံးမှာ
50အရွယ်​အဖိုးကြီးတစ်​​ယောက်​က ဂီတာတစ်​လုံးနဲ့
တီးမှုတ်​ဆိုပြ​နေတာကို သူကလွဲရင်
အကုန်​လုံး စိတ်​ဝင်​တစားတိုးကြည့်​​နေကြတယ်​။

""It's the most beautiful time of the year~
Lights fill the street spreading
so much cheer~
I should be playing in the winter snow~
But I'll be under the misletoe~

I don't wanna miss out on the holiday~
But I can't stop staring at your face~
I should be playing in the winter snow~
But I'll be under the misletoe~

With you,Shawty with you~
With you,Shawty with you~
With you~~
Under the misletoe~""

| Justin Bieber_Misletoe |

"ဟိတ် ​မယ်​ရီခရစ်​စမတ်​။"

Chanyeol အသံကြားလိုက်​​ပေမယ့်
ဖာသိဖာသာပဲ ​နေလိုက်​တယ်​။
သူ့ကို​ခေါ်စရာ အ​ကြောင်းမှမရှိတာပဲ​လေ။

ခဏကြာ​တော့ Chanyeolခါးကို
တစ်​​ယောက်​​ယောက်​ လက်​ညိုးနဲ့ လာတို့လို့
သူ​ယောင်​ယမ်းပြီး လှည့်​ကြည့်​လိုက်​တယ်​။

"မယ်​ရီခရစ်​စမတ်​လို့ ဟီးဟီး။"

Chanyeol​​​နောက်​မှာ ခရစ်​စမတ်​ဘိုးဘိုးကြီး
ဝတ်​စုံနဲ့ ​ကောင်​​သေး​သေး​လေးက ရပ်​ပြီး ပြုံးပြ​နေတယ်​။

မျက်​နှာနုပုံနဲ့​တော့ အလွန်​ဆုံးရှိ ၁၈နှစ်​​ပေါ့။

"ဘယ်​သူလဲ အကိုနဲ့ သိလို့လား။"

Chanyeolက အရမ်း​မေ့တတ်​တယ်​။
ခင်​တဲ့သူ​တွေဆို နာမည်​​မေ့တဲ့အခါ
ခဏခဏပြန်​​မေးယူရတယ်​။

You've reached the end of published parts.

⏰ Last updated: Oct 18, 2019 ⏰

Add this story to your Library to get notified about new parts!

•LAST TRAIN•Where stories live. Discover now