.. ၂၇ ..
21.5K 2.3K 92
《Zawgyi》
အပိုင်း - ၂၇
[ငါ သူ့ကို ဆွဲဆောင်မယ်!]
ချန်းစီနျန်က ထိုစကားလုံးတွေကို စာတောင် သေချာရိုက်ပြီး ပြောတာမို့ မော့ရွှီယွမ်မှာ တ်ေတော်လေးကို စိတ်လှုပ်ရှားသွားတော့၏။ သူ ချက်ချင်းပဲ ပြန်ပြောလိုက်သည် .. " ဒီ အနေအထားက ဘာလဲ? မင်းတို့နှစ်ယောက်က ဘယ်သူမှ မသိအောင် တွဲနေကြတာလား? ငါ့ကို မြန်မြန်ပြောစမ်းပါ .. အဲ့လိုဖြစ်နေတာ ဘယ်လောက်တောင် ကြာပြီလဲ?"
ချန်းစီနျန်က စိတ်မပါတပါဖြင့် ပြန်ပြောလိုက်သည် .. "မင်း သူမကို မေးကြည့်နိုင်တယ်" ဆက်ပြီးတော့ သူတစ်ခုခုကို ထပ်သတိရသွားသည့်ဟန် ပြုလိုက်သေးသည် .. "သူမသာ ငါ့မာမားနဲ့ တွေ့ခဲ့တာကို ဖိုရမ်ထဲကလူတွေ သိရင် ဘာတွေဖြစ်ကုန်ကြမလဲ ငါသိချင်လိုက်တာ"
မော့ရွှီယွမ်တစ်ယောက် သတိလစ်ချင်သလိုပင် ဖြစ်သွားသည် ....... သူက သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို တရားဝင် လူသိရှင်ကြား ထုတ်ပြချင်တာလား?
ပေါက်ကရတွေ! သူအခု ချင်းစုယွဲ့နဲ့ တအားကို ခင်မင် ရင်းနီးချင်မိသည်။ ချန်းစီနျန် အခုလေးတင် ထိုကိစ္စအား ပြောလိုက်ပုံက သူ လုပ်နေကျ စတိုင်မဟုတ်ပေ။ သူပြောတဲ့ပုံကို ကြည့်ရတာ ထိုစကား၏နောက်တွင် လျို့ဝှက်ကြံစည်ထားတာ တစ်ခုခု ရှိနေသည့်ပုံပင်...
မော့ရွှီယွမ်မှာ ဒီအခြေအနေကို အလုံးစုံ နားမလည်ပေမယ့် သူက ချင်းစုယွဲ့ တစ်ကယ် ဘာလိုချင်တာလဲဆိုတာ သိချင်မိတုန်းပဲ ဖြစ်သည်။ ထို့ကြောင့် ဖိုရမ်အောက်တွင် မီးလောင်ရာ လေပင့်လိုက်သည် .. "ယောက်ျားလေးဘက်က ကြားရတာတော့ မိန်းကလေးက သူ့မိဘတွေနဲ့တောင် တွေ့ပြီးပြီဆိုပဲ .. ယောက်ျားလေးဘက်က ပြောခဲ့တာကို အခု ကိုးကားပြောဆိုပြရမယ် ဆိုရင်ဖြင့် .. ' အဲဒီညက ငါ့မာမားနဲ့တွေ့တာ ဘယ်လိုခံစားရလဲလို့ မင်း သူ့ကို မေးသင့်တယ်' လို့ ဖြစ်ပါတယ်"
ဖိုရမ်ကြီးမှာ ငြိမ်သက်တိတ်ဆိတ်နေပြီ ဖြစ်သော်လည်း မော့ရွှီယွမ်၏ ကွန်းမန့်ကြောင့် တစ်ဖန် ပြန်အသက်ဝင်ကာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။