Part { 7 }

1.7K 192 10
                                    

'Lies can tear not only  our trusts apart but also us....'

......................................
Zawkyi

' Jimin sambae-nim လက်ကိုလွှတ်ဖို့ရောအစီအစဉ်ရှိလား'

Jimin : ' ဘာလို့ ဘာမှပြန်မပြောဘဲ ဒီတိုင်းငြိမ်ခံနေတာလဲ အမြဲတမ်းဒီလိုဘဲနေနေတော့မှာလား'

' ကျောင်းပြောင်းလာကတည်းက ဒါပထမဆုံးပြောခံရတာပါနော် အဲ့လောက်ထိလဲမဆိုးပါဘူး'

Jimin : ' လာပြောင်နေသေးတယ် တခွန်းမကျန်ပြန်ပြောနေသေးဘဲ ခုဏကလူတွေကိုကျတော့ ဘာလို့အဲ့လိုပြန်မပြောလဲ'

' ရန်ဖြစ်ခဲ့လို့ မိဘတွေခေါ်ရင် ကျမဖက်က မိဘတွေအစား ဘယ်ကမိဘတွေလာပေးမှာလဲ ပြသနာတွေရှာပြီး ကျောင်းထုတ်ခံရရင် ကျောင်းတင်မဟုတ်ဘူး အိမ်ကပါဆင်းရမှာ'

' ဖယ် လွှတ် ပြီးတော့ ဘာ ငယ်ငယ်ကတည်းက ရည်းစားလဲ ပြီးသွားတာကြာပြီဖြစ်တဲ့ဟာတွေကို လျှောက်လျှောက်မပြောနဲ့'

Jimin : ' ကို့အတွက်တော့မပြီးဘူး...ဘယ်တော့မှလဲ မပြီးခဲ့သလို ပြီးမှာလဲ မဟုတ်ဘူး'

' ha! ကျမကိုရီအောင်မလုပ်ပါနဲ့ စကားကိုလဲ သေချာကြည့်ပြောပါ မသိရင် ကျမဖက်က ရှင့်ကို အရင်ထားခဲ့တာကျနေတာဘဲ'

Jimin : ' ကိုထားခဲ့တဲ့အတွက် အရမ်းမုန်းသွားပြီလား အကြောင်းပြချက်တွေဘာတွေ နားမထောင်နိုင်လောက်အောင်ဘဲလား'

' ရှင်က အကြောင်းပြချက်ပေးပြီးသွားပြီလေ ခံစားချက်မရှိတော့ဘူးဆို အဲ့တာအကြောင်းပြချက်ဘဲမဟုတ်ဘူးလား'

Jimin : ' အဲ့တာတွေကို ကိုလိမ်ခဲ့တာဆိုရင်ရော တကယ်အကြောင်းပြချက်ရှိတယ်ဆိုရင်ရော'

' တော်ပါတော့ အခုလဲ ကျမရှင့်ကိုမုန်းနေတာမဟုတ်ဘူး ရှင့်ကိုမုန်းပြီး ကို့ဟာကိုအပင်ပန်းမခံနိုင်ဘူး ရှင့်မျက်နှာမြင်တိုင်းမုန်းတီးမှုတွေပြည့်ပြီး စိတ်အရှုပ်မခံချင်တော့ဘူး ကျမခွင့်လွတ်ပါတယ် ရည်းစားဆိုတာ ပြတ်သွားတိုင်းရန်သူမဟုတ်ပါဘူး ကျမလဲ အဲ့လောက်ထိ မရက်ဆက်ချင်ဘူး'

Jimin : '..... ကိုတို့အရင်ကလိုပြန်မဖြစ်နိုင်တော့ဘူးလား...'

' ရှင်ပြန်လာမှာပါဆိုတဲ့ အတွေးတွေနဲ့ ကျမရှင့်ကိုခွင့်လွှတ်ဖို့ကြိုးစားခဲ့တယ်....နောက်တယောက်နားမှာ ပြုံးပျော်နေတဲ့ရှင့်မျက်နှာကိုကြည့်နေပြီး ရှင်ကကျမကိုဘဲ ချစ်တာပါ အခုကစိတ်ကောက်နေလို့တမင်သတ်သတ်လုပ်နေတာပါဆိုပြီး အရှက်မရှိတွေးဖူးတယ်.... နောက်ဆုံး အကြောင်းပြချက်တွေအကုန် ကုန်သွားတဲ့ အချိန်မှာ ကျမအမှန်တရားကိုလက်ခံခဲ့တယ်...'

It's always you{U+Z}(completed)Where stories live. Discover now