.. ၂၈ ..
21.5K 2.3K 45
《Zawgyi》
အပိုင်း - ၂၈
[ပုတ်ခတ်ပြောဆိုခြင်း]
ချင်းစုယွဲ့မှာ သူမကို တမင်သက်သက် ဒုက္ခရောက်အောင် လုပ်တဲ့အတွက် ချန်းစီနျန်ကို အလွန်စိတ်ဆိုးဒေါသထွက်လေသည်။ သူမ၏ စိတ်ထဲမှာတော့ သူ့ကို ပြင်းပြင်းထန်ထန်ကို ထပ်ခါထပ်ခါ အပြစ်ပေးခဲ့လေသည်။
မိန်းကလေးတွေ၏ အတင်းအဖျင်း စကားလုံးတွေကြားမှာ တည်ငြိမ်နေနိုင်ကြောင်း ဟန်ဆောင်ဖို့ အတော်လေးကို ဒုက္ခရောက်ခဲ့ရ၏။ ဒါပေမယ့် ဘယ်သူက ပထမဆုံး စလိုက်မှန်းမသိပဲ ထိုစကားတို့မှာ ပိုပိုဆိုးလာခဲ့သည်။
ကျီယီမှာ ရိုးရိုးသားသား သက်သက်ညှာညှာ ပြောရရင် တကယ့်ကို လူ့ဂွစာ လူထူးလူဆန်းပင် ဖြစ်သည်။ ကျီယီမှာ သူမကို လွန်ခဲ့တဲ့ ရက်တွေတုန်းကလဲ ထိုကိစ္စနဲ့ပက်သတ်ပြီး စိတ်အနှောင့်အယှက် ပေးပြီးပြီ ဖြစ်သည်။
ချင်းစုယွဲ့ စာကြည့်တိုက်ထဲက ထွက်လာတော့ ကျီယီက သူမနောက်က ပါလာသဖြင့် သက်ပြင်းချလိုက်မိ၏။ သူမက သူ့အား ဘာခံစားချက်မှမရှိသော အကြည့်နှင့် ပြန်လှည့်ကြည့်လိုက်သည်။
"ရှင် ဘာလို့ နောက်က လိုက်လာနေသေးတာလဲ? ငါ နောက်ထပ် ဘာပြိုင်ပွဲမှ ဝင်မပြိုင်တော့ဘူးနော်"
"မင်း ပြိုင်ပွဲတွေ မပြိုင်တော့တာနဲ့ပဲ ငါက မင်းကို စကားမပြောရတော့ဘူးလား?"
ချင်းစုယွဲ့က ရယ်မောလိုက်ကာ မချေမငံ ပြန်ပြောလိုက်သည် .. "အင်း နင် တကယ်ကို ပြောလို့မရဘူး"
ကျီယီမှာ သူမရဲ့ ရက်စက်လှသော အပြောကြောင့် ပျာယာခတ်သွားသည်။
သူ့မျက်နှာမှာ အတော်လေး ရုပ်ဆိုးသွားတာကို မြင်လိုက်ရသဖြင့် သူ့ကိုစိုက်ကြည့်လိုက်ပြီး သေသေသပ်သပ်ပင် ပြုံးပြလိုက်ကာ ဆက်ပြောလိုက်သည် .. "ငါက နင်တို့ဌာနနဲ့ရော နင်တို့ ကျောင်းသားကောင်စီ တစ်ဖွဲ့လုံးနဲ့ရော ဘာမှ မပက်သတ်ချင်ဘူး..ငါ့ကို ဒီလို ကျဉ်းထဲကျပ်ထဲ အခြေအနေထဲကို ရောက်အောင် တွန်းမပို့မိဖို့ နောက်တခါတွေကျ သတိထားပေးပါ .. ငါ ဆက်ပြီး သည်းမခံနိုင်တော့ရင် ရင့်သီးတဲ့စကားတွေနဲ့ ပုတ်ခတ်ပြောဆိုမိမှာစိုးလို့"