.. ၃၀ ..
21.6K 2.3K 35
《Zawgyi》
အပိုင်း - ၃၀
[ဗီဒီယို မှတ်တမ်းတင်ခြင်း - ၂]
ချင်းစုယွဲ့မှာ ဒေါသထွက်လွန်း၍ ရင်ဘတ်တွေပင် အောင့်လာရသည်။ ဒီဝတ္ထုထဲက လူတွေမှာ တစ်ယောက်ပြီးတစ်ယောက် သူမကို ဒုက္ခတွေ ပေးကြလေ၏။ သူတို့က ဘာဖြစ်ချင်နေကြတာလဲ? နောက်ဆုံးမှာတော့ သူမကိုယ်သူမ စိတ်ငြိမ်အောင် ကြိုးစားလိုက်ပြီး အေးစက်စက် မေးလိုက်သည် ... "ရှင် ဘာကို ဆိုလိုတာလဲ?"
မော့ရွှီယွမ်က သူမ၏ အသံကိုကြားလိုက်တော့ ခဏလောက် ရှော့ရနေပြီးတော့မှ ... " မင်း ဘာလို့ အဲ့လောက် အလေးအနက်ကြီး ဖြစ်နေရတာတုန်း?"
ချင်းစုယွဲ့မှာ သူတို့အား စိတ်ထဲတွင် အတောမသတ်နိုင်အောင်ကို အပြစ်ပေးလုနီးပါး ဖြစ်နေရပြီး .. "ရှင်ဘာလို့ ဒါကို ချန်းစီနျန်ဆီ ပို့လိုက်တာလဲ?"
မော့ရွှီယွမ်ဟာ သူမရဲ့ ခိုးယူခြင်းမှ ကာကွယ်ရန်အတွက် သူ့ဖုန်းကို အိပ်ကပ်ထဲသို့ အလျှင်အမြန်ပင် သိမ်းလိုက်သေးသည်။ သူ စိတ်ချရပြီလို့ ထင်တော့မှ ပြန်ဖြေခဲ့သည် .. "ငါက မင်းကို ကူညီပေးနေတာပါ"
"ငါ့ကို ကူညီတယ်?" ချင်းစုယွဲ့၏ အသံမှာ အေးစက်စက် ဖြစ်သွားသည်။ "ခွင့်လွှတ်ပါ .. ဒါပေမယ့် ရှင့်ရဲ့ အပြုအမူရယ် ရှင်ကူညီတယ်ဆိုတယ်ဆိုတာရယ်ကို ကျွန်မ နားမလည်ဘူး"
မော့ရွှီယွမ်က သူမရဲ့ အေးစက်စက် အသံကို ရယ်ချင်မိသွားလျက် ... "အင်း .. ဒီစာသင်နှစ်ဝက်မှာ မင်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းလာတာကို ငါသတိထားမိတယ်"
ချင်းစုယွဲ့က သူမရဲ့ မျက်ဝန်းလေးတွေကို လှည့်လိုက်သည်.. "ကျွန်မ လှေကားပေါ်က ပြုတ်ကျပြီးထဲက စိတ်ဝင်စားဖို့ ကောင်းသွားတယ်လို့ ရှင်ထင်ရင် ရှင်လည်း လှေကားပေါ်က လိမ့်ကျကြည့်လိုက်လေ"
သူ ဒဏ်ရာရမှာကို အထူးတလည် ရှောင်ကျဉ်တတ်တဲ့ မော့ရွှီယွမ်ခမျာမှာတော့ ချက်ချင်းပဲ ပြန်ချေပရှာသည် ... "ငါ မသင့်လျော်တာတွေ ဘာမှ လုပ်မှာ မဟုတ်ဘူး!"
ချင်းစုယွဲ့က ဘာမှပြန်မပြောပဲ သူ့ကို တိတ်တဆိတ်သာ စိုက်ကြည့်နေလိုက်၏။