.. ၃၁ ..
21.5K 2.3K 28
《Zawgyi》
အပိုင်း - ၃၁
[ဗီဒီယို မှတ်တမ်းတင်ခြင်း - ၃]
ဒါက ...... မော့ရွှီယွမ်က ဘာပြန်ပြောရမှန်း မသိပေ.... သူ တစ်ခုခု မှားပြောမိကာ ချန်းစီနျန်ကို ဒေါသဖြစ်စေမှာလည်း ကြောက်မိသည်။ နောင်အခါတွင် ချန်းစီနျန်က သူ့အား ကန်ထုတ်လိမ့်မည်။
ထို့ကြောင့် သူက စိတ်မပါတပါဖြင့် 'ဟမ်' ဟုသာ ပြောမိသည်။
ချင်းစုယွဲ့က အထင်သေးဟန်ဖြင့် "ဟမ့်! သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိတယ်ဆိုတာ ကျွန်မသိတယ်!! ရှင် ကျွန်မကို မပြောပြရင်တောင် ကျွန်မက အကုန်သိပြီးပါပြီ"
သူတို့ရဲ့ စကားပြောဆိုခြင်းကြောင့် နေ့လည်စာစားကြချိန်တွင် ပတ်ဝန်းကျင်လေထုမှာ မယုံနိုင်အောင်ပင် ထူးဆန်းပြီး တိတ်ဆိတ်သွားလေ၏။
ချင်းစုယွဲ့နှင့် မော့ရွှီယွမ်တို့ ကျောင်းစားသောက်ဆိုင်မှ ထွက်လာကြသည့် အချိန်မှာ သူမက ပြောလိုက်သည် ... "နောက်ကျရင် ကျွန်မကို လာမရှာပါနဲ့တော့"
မော့ရွှီယွမ်က မေးလိုက်သည် ... "အဲဒါက ချန်းစီနျန်ကြောင့်လား?"
ချင်းစုယွဲ့က ပြုံးလိုက်ပြီး ခိုင်မာသော အသံဖြင့် ... "အင်း နောက်တစ်ချက်က ရှင်က ကျွန်မ မသိအောင် ဗီဒီယို ရိုက်ထားတဲ့အတွက် ရှင့်ကို ဒေါသထွက်တာကြောင့်ရောပဲ... အဲဒါကြောင့် အချိန်တစ်ခုလောက်ထိ ကျွန်မရဲ့ရှေ့ကို ပေါ်မလာပါနဲ့တော့ .... အဲ့လိုမှမဟုတ်ရင် ကျွန်မကိုယ်ကျွန်မ မထိန်းနိုင်ပဲ ရှင့်ကို တုံ့ပြန်လက်စားချေမိလိမ့်မယ်"
မော့ရွှီယွမ်  "......."
တစ်ဖက်မှာတော့ ချန်းစီနျန်က ညစာစားနေတာ ဖြစ်လေသည်။
နောက်ဆုံး တွေ့ခဲ့တုန်းက ဝမ်ယဉ်းလင်က သူ့ကို ညစာစားပွဲကို တက်ရောက်ဖို့ အထူးတလည် လာရောက်ဖိတ်ကြားခဲ့တာ ဖြစ်သည်။ ဒါပေမယ့် လူကြီးတွေ ဘာကိုစီစဉ်ဖို့ အလုပ်ရှုပ်နေကြသလဲဆိုတာ ချန်းစီနျန်က သိသဖြင့် သူတို့ ညစာစားဖို့ ဖိတ်တာကို အကြိမ်ရေ အနည်းငယ်လောက် ငြင်းပယ်ခဲ့ပြီးလေပြီ။ ယခုမူ ဝမ်ယဉ်းလင်က သူ့အား လူအိုကြီးကိုသုံးပြီး ဖိအားပေးခဲ့လေ၏။