5.

2K 217 7
                                    

ဆယ်ကျော်သက် ရင်ခုန်သံ
Ep_ 5

"ဇော် ဒီနေ့ကျုရှင်ရှိတယ်နော် "

"အင်းပါ "

"လာ သွားမယ် "

"ဘယ်လဲ ငယ်

"ဒီနေ့ ငါတို့အသင်းတာဝန်ကျတယ်လေ မေ့နေပြီလား "

"အာ ဟုတ်သားဘဲ "

ဘုရားပန်းအိုးယူပြီး ရေကန်ဆီသို့ လျှောက်လာသည် ။ ဇော်က ဘုရားပန်းအိုးကို ဆေးပေးသည် ။
ဒါကြောင့် ငယ် ပန်းအသစ်တွေ ရေဆေးကာ လဲလှယ်လိုက်သည် ။ အဲ့ဒီ့နောက်မှာ အတန်းထဲ ပြန်လာပြီး တံမြက်စည်း လှည်းသည် ။

"ငါကူလှည်းပေးမယ် "

"အင်း "

"ဒါနဲ့ တခြားအသင်းတွေဆို တာဝန်တွေခွဲပြီး တစ်ယောက်တစ်မျိုးဘဲ လုပ်ကြတာ မဟုတ်ဘူးလား ငယ် "

"အင်း ဒီအသင်းမှာ ငါက ခေါင်းဆောင်လေ တခြားသူတွေက ကျောင်းနောက်ကျလို့ ငါဘဲ အကုန်လုပ်လိုက်တာ "

"ဘယ်သူတွေလဲ ဒါမျိုးရမလား "

"မိန်းကလေးတွေကတော့ နင်သိမှာ မဟုတ်ဘူး ယောက်ျားလေးထဲက ၂ ကောင်တော့ နင်သိတယ် "

"Who ? "

"ရှင်း နဲ့ မင်းသူထက်လေ "

"Shit ! အဲ့ဟာတွေ အချောင်ခိုတယ်လား"

"မဟုတ်ပါဘူးဟယ် သူတို့က ကျောင်းလာတာ နောက်ကျလို့ သူတို့လာရင် ယောက်ျားလေး အိမ်သာ သွားဆေးလိမ့်မယ် "

"ပြီးရော "

ဇော် က သွက်သွက်လက်လက်ပင် တံမြက်စည်းလှည်းကာ အမှိုက်တွေ ခြင်းတောင်းထဲ ထည့်လို့ပြီးသွားသည် ။
ထို့နောက် ၂ ယောက်သား မိန်းကလေး အိမ်သာသို့ ထွက်လာခဲ့သည် ။ အိမ်သာတွေက ကိုယ့်အခန်းနဲ့ ကိုယ် တစ်ခန်းကို တစ်လုံးစီ ။ သော့ခတ်ထားသည်။

သော့ဖွင့်ပြီး အိမ်သာကို ရေလောင်းကာ ဆပ်ပြာမှုန့်တွေဖြူးလိုက်သည် ။

"ဖယ် ငါလုပ်လိုက်မယ် ငယ်အပြင်ကစောင့်နေ "

"ဟင် "

ငယ့် ကို အပြင်တွန်းထုတ်ပြီး ဇော် က အိမ်သာဆေးသည့် တုတ်တံဖြင့် အိမ်သာ ကြွေခွက်ကို သေချာ ပွတ်ဆေးသည် ။
ရေလောင်းချကာ ဆပ်ပြာမှုန့်တစ်ခါ ထပ်ဖြူးပြန်သည် ။ နောက်တစ်ကြိမ် ထပ်ဆေးပြီးမှ ပြန်ထွက်လာပြီး အိမ်သာသော့ခတ်ကာ ခြေလက် ဆေးနေသည် ။

ဆယ္ေက်ာ္သက္ ရင္ခုန္သံ (ဆယ်ကျော်သက် ရင်ခုန်သံ )Where stories live. Discover now