.. ၃၂ ..
21.2K 2.3K 44
《Zawgyi》
အပိုင်း - ၃၂
[ဗီဒီယို မှတ်တမ်းတင်ခြင်း - ၄]
ချန်းစီနျန်က မက်ဆေ့ခ်ျ ပို့ပြီးသွားသောအခါ စီးကရက်ကို နှုတ်ခမ်းထက်မှ ဖယ်ခွာလိုက်သည်။ ထို့နောက်တွင် သူ့ခြေလှမ်းတွေကို ပြန်မလှည့်တော့ပဲ စားသောက်ခန်းမ၏ ဝင်ပေါက်တည့်တည့်ကိုသာ ဦးတည် လျှောက်လှမ်းလိုက်တော့၏။
သို့သော်လည်း ပထမထပ်ရဲ့ နားနေခန်းမှာ ချင်းကွမ်းချန်နှင့် ရုတ်တရက် တွေ့ဆုံရမည်ဟုတော့ သူ မထင်ထားခဲ့ပေ။
ချင်းကွမ်းချန်က သပ်ရပ်ခန့်ညားစွာ ဝတ်ဆင်ထားပြီး သူ့နောက်မှ လက်ထောက်တစ်ယောက်က လိုက်ပါလာသည်။ ထိုလက်ထောက်အပြင် ဘေးမှ သက်လတ်ပိုင်းအရွယ် ဗိုက်ပူပူလူကြီး သုံးယောက်လည်း ပါသေးသည်။ သူတို့ရဲ့ ပုံပန်းသဏ္ဌာန်အရ အခုလေးတင် ညစာစားပြီးသွားကြပြီး ပြန်ကြတော့မည့်ပုံပင်...
ချင်းကွမ်းချန်က ချန်းစီနျန်အား ခပ်လှမ်းလှမ်းကနေ မြင်သွားသောအခါ သူ့မျက်နှာအမူအယာမှာ အေးစက်စက် ဖြစ်သွားသည်။ သူ့ညီမလေးက ချန်းစီနျန်ကို မရပ်မနား အနှောင့်အယှက်ပေးတာတွေ ရပ်တန့်သွားခဲ့တဲ့အချိန်မှစလို့ ချင်းကွမ်းချန်မှာ နောက်ဆုံးတော့ သူမျက်နှာကို မော်ချီနိုင်ပြီ ဖြစ်၏။
ချင်းကွမ်းချန်က သူ့ကို ရန်လိုစွာ ကြည့်​နေတာကို ချန်းစီနျန်မြင်တော့ သူလမ်းလျှောက်တာကို ရပ်လိုက်ကာ ထိုလူအား စိတ်ဝင်တစား ကြည့်လိုက်၏။
ချင်းကွမ်းချန်က သူ့လက်ထောက်ကို ညွှန်ကြားလိုက်သည် "ဒီသူဌေးတွေကို လိုက်ပို့ပေးလိုက်ပါ"
သူဌေးတွေဟာ ချင်းကွမ်းချန်က ချန်းစီနျန်နဲ့ ဆွေးနွေးစရာရှိမယ်မှန်း ရိပ်မိသွားကြသဖြင့် ... "ဥက္ကဌချင်းမှာ လုပ်စရာလေးတွေရှိနေမှတော့ ကျွန်တော်တို့ အရင် ပြန်နှင့်လိုက်မယ်နော် ... ကျွန်တော်တို့ရဲ့ အကျိုးတူပူးပေါင်းမှုအတွက် အသေးစိတ် အချက်တွေကိုတော့ မနက်ဖြန်ကျမှ ဆွေးနွေးကြတာပေါ့"
"အိုခေ" ချင်းကွမ်းချန်က ခေါင်းညိတ်လိုက်သည်။ သူတို့ထွက်သွားတဲ့အချိန်မှာ ချန်းစီနျန်နဲ့ ဆုံသောအခါ၌ လေးစားစွာဖြင့် လမ်းလျှောက်တာကို ရပ်လိုက်ပြီး ချန်းစီနျန်နှင့် စကားအနည်းငယ် ပြောပြီးတော့မှ ထွက်သွားကြတာကို ချင်းကွမ်းချန်  မြင်လိုက်ရသည်။