"သွားတော့မလို့လား ရိပေါ်"
"အင်း..ဒီနေ့ရှယ်ယာရှင်အစည်းအဝေး
ရှိတယ်။
အခုတောင်နောက်ကျနေပြီ"ပြောပြီး ကတိုက်ကရိုက်ထွက်သွားသည့်
ရိပေါ်ကို ရှောင်ကျန့်တားချိန်ပင်
မရလိုက်။ဒီကုမ္မဏီကို လက်လွှဲယူရပြီးတည်းက
အတူတူရှိချိန်တွေ အရမ်းနည်းလာသည်။အခုလည်း အလျင်စလိုထွက်သွားပြန်ပြီ။
အတူတူစားဖို့ ရည်ရွယ်ထားတဲ့ နံနက်စာလေး
ကတော့ အဖော်မဲ့လျက်။တူတူမနေခင်က တစ်နေ့သုံးနပ်ကို
မင်းနဲ့ပဲကုန်ပါမယ်လို့
ကတိစကားတွေထားခဲ့တာ
ခုတော့မတည်နိုင်တော့။"သားလေး!မစားဘူးလား"
အိမ်ဖော် အဒေါ်ကြီးခေါ်ခါမှ ရှောင်ကျန့်
သတိဝင်လာသည်။
ရှေ့က နံနက်စာတွေက အေးစက်နေချေပြီ။"မစားတော့ဘူး ဒေါ်ဒေါ်။
သိမ်းလိုက်တော့နော်""ရိပေါ်လေးက အပြင်မှာစားမှာပေါ့။
သူမစားတိုင်း သားလေး မစားစရာမှ
မလိုတာ။စားလိုက်ပါနော်"ဒေါ်ဒေါ် စကားကို ရှောင်ကျန့်ပြုံးကာ
ခေါင်းရမ်းပြရင်း"သူ စားတဲ့အချိန်မှ စားတော့မယ်။
နေ့လည်စာကျမှ သူနဲ့
အတိုးချပြီး စားလိုက်တော့မယ်။
ဒေါ်ဒေါ် ဆာရင်စားတော့လေ။
သား အပေါ်ထပ်မှာ လုပ်စရာလေးတွေ
ရှိသေးလို့"ပြောပြီး အိမ်ပေါ်တတ်လာသည့်
ခြေလှမ်းတွေက လေးကန်လျှက်။မျက်ရည်တွေက သူ့အလိုလို
ပါးပြင်ပေါ်ခုန်ဆင်းလာသည်။အခန်းထဲရောက်သည်နှင့် တံခါးပိတ်ကာ
မခိုင်တော့သည့်ခြေထောက်နှင့်အတူ
လူလည်းပျော့ခွေကျသွားသည်။"မဟုတ်ရဘူး....!!!"
နာကျင်လာသော ရင်ဘတ်ကို
တင်းနေအောင်ဆုပ်ကိုင်ရင်း
ရှောင်ကျန့်တိုးတိုးလေးရေရွတ်မိသည်။
![](https://img.wattpad.com/cover/203872216-288-k475753.jpg)
YOU ARE READING
ချစ်မိသူမို့(ခဈြမိသူမို့)(One Shot)
Romanceအရမ်းချစ်တတ်သွားတဲ့အခါ ဘယ်အရာက ပိုနာကျင်သလဲတောင် မသဲကွဲတော့ဘူး OS