.. ၃၄ ..
21.3K 2.2K 51
《Zawgyi》
အပိုင်း - ၃၄ [ရှန်ဝမ်းယန့်]
ချန်းစီနျန်က ဘာမှပြန်မပြောပဲ မော့ရွှီယွမ်အား ကြိုက်သလို ခန့်မှန်းဖို့ ခွင့်ပြုထားလေ၏။ မော့ရွှီယွမ် ပြောလို့ပြီးသွားသည့်နောက်တွင်မှ ချန်းစီနျန်က "သိပ်မကြာသေးခင်တုန်းက ငါ့ရဲ့ကုမ္ပဏီအသစ်အတွက် ဂရုစိုက်စရာလေးတွေ နည်းနည်းရှိတယ် .. မင်း ငါနဲ့ လာပူးပေါင်းလှည့်"
"ဟင်?" မော့ရွှီယွမ်က သူ့စကားကြောင့် ရုတ်တရက်လန့်သွားပြီး ဝိုင်တွေပင် ထွေးထုတ်တော့မိသလို ဖြစ်သွားသည် "မင်း ဘယ်တုန်းက ကုမ္ပဏီအသစ် ထောင်လိုက်တာလဲ?"
"ငါ လွန်ခဲ့တဲ့ နှစ်လလောက်ထဲက ကုမ္ပဏီအသစ်အတွက် စပြီးပြင်ဆင်ခဲ့တာ" ချန်းစီနျန်က ဆက်ပြော၏။ "ငါက ချန်းကုမ္ပဏီကနေ ခွာလို့မရတာမို့ မင်းက ငါ့ကုမ္ပဏီအသစ်ရဲ့ ကိစ္စလေးတွေကို သေချာအာရုံစိုက်ပေးအုန်း"
မော့ရွှီယွမ်က သူ့ကို ကြည့်လိုက်သည်။ ချန်းစီနျန်ကို ကြည့်ရတာ နောက်နေသည်နှင့် မတူသဖြင့် သူက စားပွဲအား လက်ဖြင့်ရိုက်လိုက်ပြီးနောက် "အိုခေ!" ဟု ပြန်ပြောလိုက်သည်။
ချန်းစီနျန်က ခေါင်းညိတ်ပြလိုက်၏။
ဝိုင်ကို နှစ်ငုံလောက် ထပ်သောက်ပြီးသွားသောအခါမှာ မော့ရွှီယွမ်က မနေနိုင်တော့ပဲ မေးလိုက်သည် "ငါကြားတာတော့ ချင်းစုယွဲ့က မင်း အခုနေနေတဲ့ တိုက်ခန်းဘေးကနေ ပြောင်းသွားပြီဆို ဟုတ်လား?"
"ဟမ်?" ချန်းစီနျန်က သူ့မျက်ဝန်းတွေအား မှေးကျဉ်းလိုက်၏။
မော့ရွှီယွမ်က ဆက်ပြောလိုက်သည် "ငါ သူမဆီကနေ ဒီနေ့ကြားလာလို့"
ချန်းစီနျန်က သူ့အား မျက်လုံးထောင့်ကနေ စောင်းကြည့်လိုက်ပြီး "မင်းကိုကြည့်ရတာ သူမနဲ့ တော်တော်ရင်းနှီးနေတဲ့ပုံပဲ"
မော့ရွှီယွမ်က ခြောက်ကပ်ကပ် ရယ်လိုက်သည် "ငါက မင်း သူမရဲ့စိတ်ကို ဒီလိုပြောင်းလဲသွားအောင် လုပ်ခဲ့တာကို ကူညီပေးရုံတင်ပါ ဒါပေမယ့် သူက သူ့လွတ်လမ်းတွေအကုန်လုံးကို ဖြတ်တောက်ပစ်မယ်လို့ ဘယ်သူက ထင်မှာလဲ?"