.. ၃၇ ..
21.3K 2.4K 64
《Zawgyi》
အပိုင်း - ၃၇ [ဧည့်ခံပွဲ - ၂]
ဒီညမှာ ချင်းစုယွဲ့ ဒီဝတ္ထုထဲသို့ ကူးပြောင်းလာပြီးထဲက ပထမဆုံး တက်ရောက်သည့် ဧည့်ခံပွဲပင် ဖြစ်သည်။ ချင်းကွမ်းချန်၏ ညွှန်ကြားမှုအောက်တွင် ဆံပင်ပညာရှင်၏ လက်ထဲ၌ နှစ်နာရီကျော်ကြာအောင် ပြုပြင်ပုံသွင်းပြီးသကာလ သူမ၏ဆံပင်ရှည်တို့မှာ လှပပျော့ပျောင်းစွာ ထုံးဖွဲ့ထားပြီးဖြစ်ကာ ပျော့ပျောင်းလှသော ဆံနွယ်အချို့မှာတော့ ပုခုံးထက်တွင် ကပိုကရိုပြိုဆင်းလျက် ချထားလေ၏။
ချန်းစီနျန်၏ စူးစိုက်ငေးကြည့်နေသော အကြည့်မှာ သူမ၏ နှင်းကဲ့သို့ ဖြူဖွေးနေသော အသားအရည်လေးတွင် တဒင်္ဂရပ်တန့်သွားပြီးနောက် သူမ၏ သွယ်လျတင်းပြည့်သော နောက်ကျောဘက် မြင်ကွင်းဖြင့် နှုတ်ဆက်ခံလိုက်ရသည်။ ဒီမြင်ကွင်းက သူ့အား စိတ်မရှည်သည်းမခံနိုင် ဖြစ်စေ၏။
သူမက ဒီလိုဝတ်ဆင်ထားပြီး ဘာလုပ်ဖို့ ကြံရွယ်နေတာလဲ?
ဝိတ်တာတစ်ယောက် လာပေးတဲ့ အနီရောင်ဝိုင်ခွက်အား လက်ခံယူလိုက်ရင်း သူ့မျက်နှာမှာ မည်းမှောင်သွားလေသည်။သူ့နှုတ်ခမ်းတွေအား တင်းတင်းစေ့ပိတ်ထားကာ ဘေးနားပတ်လည်ရှိ ပတ်ဝန်းကျင်တစ်ခုလုံးမှာ သူ့အား အတောမသတ်နိုင်သော စိတ်တိုဒေါသတွေသာ ဖြစ်ပေါ်စေနေ၏။
သူ ခေါင်းကိုမော့လိုက်ပြီး ဧည့်ခံပွဲကျင်းပရာ ခန်းမရှေ့အား သေချာကြည့်လိုက်တဲ့အချိန်တွင် သူ့ရဲ့ မျက်နှာသာပေးမှုကို ရရှိရန်အတွက် ဘေးတွင်ဝန်းရံနေကြသူများနှင့်သာ ပြည့်လို့နေသည်မှာ သူ့အကြည့်က အနားယူတဲ့နေရာဆီသို့ စူးစိုက်မကြည့်မိခင်အထိပင် ဖြစ်လေသည်။ သူ နောက်ဆုံး ထိုလူတွေကြားထဲမှ ထွက်လာနိုင်ခဲ့ပြီးသည့် အချိန်မှာ ဒီဧည့်ခံပွဲပိုင်ရှင်၏ တကျီကျီ နားဒုက္ခပေးခြင်းကို ဆက်လက်ခံစားရသေးပြီး ရပ်ကာ စကားပြောခဲ့ရလေသည်။
ထိုစကားပြောဆိုခြင်း ဆိုသည်မှာလည်း တစ်ဖက်ထဲကသာလျှင် ဖြစ်လေသည်။ မည်သည့် စိတ်အားထက်သန်စွာ ပြောဆိုခြင်းပင်ဖြစ်စေ ချန်းစီနျန်၏ တုံးတိတိ တုံ့ပြန်မှုတွေနှင့် တခါတရံမှသာ အကြည့်ရောက်လာခြင်းတို့ဖြင့်သာ ကြုံဆုံရမည် ဖြစ်လေသည်။